023:လုံးဝကိုမူးနေပြီ

शुरू से प्रारंभ करें:
                                    

ချင်ယွီ သည် ယခင်က သူတို့ကြားတွင် သင့်လျော် သောအကွာအဝေးကို ထိန်းသိမ်းထားသည်ဟု ထင်ခဲ့သော်လည်း သူ့ဘေးနားတွင် သူရဲ့တစ်ခြမ်း မရှိတာကြောင့်[T/N သူရဲ့တစ်ခြမ်း=သူ့မိန်းမ] ကောင်မလေးသည် ၎င်းတို့နှင့်ပတ်သက်သော အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေခဲ့သည်။

နှလုံးသားမဲ့ မီး : "ငါ စောစောအိပ်မလို့ ဒါကြောင့် ငါအရင်သွားနှင့်မယ်။"

ပန်းယီယီ: "..."

ပန်းယီယီ: "ခဏေလေး စကားပြောဖို့ အဖော်လုပ်မပေးနိုင်ဘူးလား?"

နှလုံးသားမဲ့ မီး : "ငါနည်းနည်းအိပ်ငိုက်နေတယ်... [🥱]"

ပန်းယီယီ : "ဆရာ လွမ်းတယ်"

နှလုံးသားမဲ့ မီး "..."

ချင်ယွီသည် သူမ၏ နောက်ဆုံးစာ ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမ၏ချဉ်းကပ်မှုတွင် သူမသည် "ထက်မြက်" လိမ့်မည်ဟု သူထင်ခဲ့ပြီး သူမအား "ငြင်းပယ်" ရန် အခွင့်အရေးမပေးဘူးလို့ထင်ခဲ့သည်။

သူမသာ ဒီလိုလုပ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ သူတို့ဟာ သူငယ်ချင်းအဖြစ် ဆက်ရှိနေနိုင်ပေမယ့် အခုအချိန်မှာတော့... ကြည့်ရတာ သူမရဲ့ခံစားချက်တွေကို မချုပ်တည်းထားနိုင်တော့ဘူးထင်ပါရဲ့။

ပန်းယီယီ : "ကျွန်မ ရှင့်ကို ကြိုက်တယ် နှလုံးသားမဲ့ ကျွန်မ ရှင့် ကို အမြဲတမ်း ကြိုက်ခဲ့တယ်..."

သုံးနှစ်ကြာအောင် မျိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေက ဒီအချိန်မှာတော့ လွတ်မြောက်သွားပါပြီ။

ချင်ယွီသည် ခေတ္တရပ်လိုက်ပြီး လက်ကိုမြှောက်ကာ စာရိုက်လိုက်သည်။

"ပန်းယီယီ ငါမင်းကို ငါ့တပည့်အဖြစ် နှစ်နှစ်ကြာခေါ်ဆောင်ခဲ့ပြီးပြီ မင်းကို ငါသင်ပေးသင့်သမျှ လည်းအကုန်သင်ပေးပြီးပြီ။ မင်းရဲ့လက်ရှိအဆင့်မှာ မင်းကိုယ်တိုင်က ဆရာ ပြန်လုပ်လို့နေပြီဆိုတော့ ငါတို့ရဲ့ဆရာတပည့် ဆက်ဆံရေးက မလိုအပ်တော့ဘူးလို့ ငါထင်တယ်။
ပြီးတော့ ငါ့မှာ သဘောကျတဲ့ လူတစ်ယောက်ရှိတယ် ဒါကြောင့် မင်းရဲ့ အချိန်တွေကို ငါ့အပေါ် မဖြုန်းပါနဲ့ တွေးကြည့်ပြီးတော့ စိတ်လျှော့လိုက် ကောင်းသောညပါ။ "

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें