' မင်း ကိုယ့်အနားမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းကို လာပြီး ဒုက္ခ မပေးစေရဘူး။ ကိုယ် မင်းကို ကာကွယ်ပေးမယ်။'

ရှောင်းကျန့် သူ့မျက်လုံးကို တည့်တည့်ကြည့်ရင်း ပြောလာတဲ့ ဝမ်ရိပေါ်ရဲ့ စကားကြောင့် ရင်ထဲ ခိုးလို့ ခုလု ဖြစ်နေတုန်း ...

' ရှောင်းကျန့် !!!!.'

ရှောင်းကျန့် ရုတ်တရက် အခေါ်ခံရပြီး တစ်ဖက်က ဆိုဖာမှာ ဝင်ထိုင်လာတဲ့ မုလုံ ကြောင့် ရိပေါ်ရဲ့ လက်ထဲက သူ့လက်ကို အမြန် ရုန်းယူလိုက်သည်။

' ရှောင်းကျန့် ... မင်း ယောကျာ်း ရဲ့ အိမ်ကို ငါ သဘောကျသွားပြီ။ ငါလည်း သူ့လို အိမ်မျိုး လိုချင်တယ်။'

' အဟွတ် !!!!.'

ရိပေါ် ချောင်းဆိုး သွားတဲ့ ရှောင်း ရဲ့ ကျောကို ဖြေးဖြေးလေး ပုတ်ပေးလိုက်ရင်း မုလုံ ကို ပြန်ကြည့်လိုက်ပြီး ...

' အိမ် လိုချင်ရင် ပိုက်ဆံ ရှိဖို့ပဲ လိုတယ်။ ပိုက်ဆံ ရှိရင် မင်း ကို ဒီထက် ပိုကောင်းတဲ့ အိမ် ရှာဝယ်ပေးမယ်။'

' ပိုက်ဆံ ကိစ္စဆို စိတ်မပူနဲ့။ ငါ့မှာ ပုလဲ လုံးတွေ ရှိတယ်။'

' မုလုံ မင်း က ကုန်းပေါ်မှာပဲ နေတော့မလို့လား။ ဘာလို့ မလိုအပ်တာ လုပ်ချင်နေတာလဲ ...။'

ရိပေါ် ဝင်ပြောလာတဲ့ ရှောင်း ကြောင့် မုလုံ ပြန်မပြောရခင် သူပဲ အရင် ဖြတ်ပြောလိုက်သည်။

' ဪ !!! ပိုက်ဆံ ပေါနေရင် ကုန်းပေါ်မှာ အိမ် ရှိထားတော့ ရေထဲကနေ တက်လာရင် အေးအေး ဆေးဆေး လာနေလို့ ရတာပေါ့။ နိုင်ငံတိုင်းမှာ အိမ် တစ်အိမ်စီ ဝယ်ထားနိုင်ရင် ပိုတောင် ကောင်းသေးတယ်။'

' အေးနော် ... ရှောင်း မင်း ယောကျာ်း ပြောတာ မဆိုးဘူး။'

ရှောင်းကျန့် မင်း ယောကျာ်း လို့ တစ်ခါ တစ်ခါ ကြားတိုင်း နင် နင် သွားရသည်။ ပြီးတော့ မုလုံ က ဝမ်ရိပေါ် မြှောက်ပေးတိုင်း ကွေးနေအောင် က ရအောင်လည်း မျောက် မှ မဟုတ်တာ။

ရိပေါ်ကတော့ ဘေးကနေ ရှောင်း ရဲ့ တစ်ခါ တစ်ခါ ပြောင်းသွားတဲ့ မျက်နှာ အမူအရာကို ကြည့်ရင်း သဘောတွေ ကျနေပါတယ်။

What's wrong? ( Completed )حيث تعيش القصص. اكتشف الآن