(31) ငယ်သူငယ်ချင်းများ

Ξεκινήστε από την αρχή
                                    

အခုချိန်မှာ သူတို့က မအိပ်မှီလေး ကုတင်ပေါ်မှာလဲလျောင်းနေကြပြီး စကားတွေပြောနေကြတဲ့အတွက် ပိုင်လန်ကလွယ်လွယ်ကူကူပဲ ချိုးချန်အောက်မှာဖိခံလိုက်ရရင်း ပြန်ခုခံဖို့နည်းနည်းလေးတောင်လှုပ်လို့မရဘူး။ နောက်ဆုံး လွတ်မြောက်သွားတဲ့အချိန်မှာတော့ ပိုင်လန်ရဲ့နှုတ်ခမ်းလေးက အနည်းငယ်ဖူးပြီးယောင်ကိုင်းသွားတယ်။ သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေမှာ အရည်ကြည်လေးတွေဝေ့သီနေပြီး အသက်ရှုနှုန်းက မူမမှန်ဖြစ်နေတယ်။ ကောင်းကောင်းအသိစိတ်မကပ်သေးတဲ့ ညို့ဓါတ်ပြင်းတဲ့အလှပိုင်ရှင်က ချိုးချန်ကို အမြဲတမ်းဖိထားချင်လာအောင် ဆွဲဆောင်နေပါတယ်။

ချိုးချန်က ပိုင်လန်ရဲ့နှုတ်ခမ်းကိုလျက်လိုက်တယ်၊ ပြီးတော့မှပြုံးပြီးရှင်းပြတယ် "သွားရမယ်ဆိုတာ နောက်ထပ်နှစ်ယောက်ကြောင့်ပါ၊ ဝမ်ယွင်နဲ့လင်ကုန်းချန်တဲ့၊ သူတို့ကိုတွေ့ကြည့်လို့ မင်းအတွက်အမှားမရှိဘူး၊ တစ်ယောက်က ဆရာဝန် နောက်တစ်ယောက်က လုံခြုံရေးလုပ်ငန်းလုပ်တယ်၊ သိကျွမ်းထားတော့ အသုံးဝင်တာပေါ့၊ အော် ပြီးတော့ လင်ကုန်းချန်က ဖန်းဟွာရဲ့ယောက်ျားလေ၊ သူတို့ကအတူမနေတော့ပေမယ့် အဆက်အသွယ်တော့ ရှိတုန်းပဲ"

ပိုင်လန်က ပိုပိုပြီးတော့တောင် အံ့သြလာရပြီ။

သူ့သူငယ်ချင်း တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးဖို့လား၊ ဒီလိုအခွင့်အရေးမျိုးက အရင်ဘဝတုန်းကတော့ ပိုင်လန်တစ်ခါမှ အိမ်မက်တောင်ထည့်မမက်ဖူးတဲ့အရာလေ။

ပိုင်လန်ရဲ့နှလုံးသားထဲမှာ နွေးထွေးမှုလေးက ဖြတ်စီးဆင်းသွားတဲ့အခါ ခုဏက သံသယဝင်မိတာကို အပြစ်ရှိတယ်လို့ခံစားလိုက်ရတယ်။ သူက မျက်လွှာကိုချပါတယ် "ဒါဆိုလည်း ရက်မပြောင်းနဲ့တော့၊ အကုန်လုံးဆုံဖို့ဆိုတာလွယ်တာမဟုတ်ဘူး၊ ကျွန်တော့်ပွဲက တစ်နေကုန်မှမဟုတ်တာ၊ ပြီးတာနဲ့ အဲ့ဒိကိုလိုက်လာခဲ့မယ်"

"တကယ်လို့ မင်း စိတ်မချဘူးဆိုရင်လည်း.." ချိုးချန်ကပြုံးပြီးနောက်တစ်ကြိမ်နမ်းပြန်တယ် "အဲ့နေ့ကျ ကိုယ်.. နာရီပတ်ထားမယ်လေ"

သူတော့ တစ်ညလုံးစနောက်ခံရတော့မယ်လို့ ပိုင်လန်ကကြိုမြင်မိနေတယ်။ ဒါကြောင့် လည်ချောင်းကိုရှင်းရင်းခေါင်းစဉ်ပြောင်းလေတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာΌπου ζουν οι ιστορίες. Ανακάλυψε τώρα