(14) ချိုးရှောင်ဟိုင်

1.4K 211 18
                                    

(14) ချိုးရှောင်ဟိုင်

"မကြာသေးမီက နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ 'ဘဝလက်တွဲဖော်များ' ကတော့ ရိုက်ကူးလို့ အားလုံးပြီးဆုံးသွားပြီးဖြစ်ပါတယ်၊ မနေ့ညက ရုန်ဟွာကလပ်မှာ ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲမှာတော့ အဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေအားလုံးစုဝေးပြီး စိတ်လွတ်လက်လွတ် ပျော်ရွှင်ခဲ့တယ်လို့ သိရှိရပါတယ်၊ သူတို့က ညနေ(၆)နာရီဇာတ်လမ်းတွဲတွေကြား ကြည့်ရှုနှုန်းအများဆုံးဖြစ်လာတဲ့ 'ဘဝလက်တွဲဖော်များ' ကြောင့် အရမ်းကို တက်ကြွနေခဲ့ကြပါတယ်......... "

"....ဒါရိုက်တာကျုံးချွင်ချွိုင်က အားပါးတရထောက်ခံပြောကြားခဲ့တာက ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုက ဇာတ်ညွှန်းရေးဆရာရဲ့ပြောမပြတတ်လောက်အောင် ကောင်းတဲ့အရေးစွမ်းရည်၊ မျိုးဆက်သစ်သရုပ်ဆောင်လေးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပရိသတ်တွေရဲ့အကြံဉာဏ်နဲ့အားပေးမှုတို့ကြောင့်ပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဒါ့အပြင် သူက ကိုယ်ပိုင်အမြင်တစ်ခုကိုလည်း တင်ပြခဲ့ပါတယ်၊ အဲ့တာကတော့ ကျန်းရှင်းချန်နေရာသရုပ်ဆောင်တဲ့ ပိုင်လန်ရဲ့ ရိုက်ကွင်းအတွင်း တိုးတက်လာမှုများဖြစ်ပြီး အရမ်းကိုအရည်အချင်းရှိတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်းလည်း ထုတ်ဖော်ခဲ့ပါတယ်၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ အရမ်းကိုဂုဏ်ယူရပါကြောင်း........."

မနက်အစောပိုင်းမှာတော့ အနုပညာသတင်းတွေ ထုတ်လွှင့်နေခဲ့ပြီး စခရင်ပေါ်မှာက ပိုင်လန်ရဲ့အမျိုးမျိုးသောဗီဒီယိုပြကွက်တွေကို ပြသနေခဲ့တယ်။

အဆက်မပြတ်လက်နေတဲ့ မီးရောင်တွေအောက်မှာ ပိုင်လန်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးအရပ်ရှည်ရှည်နဲ့ လှပပြီးခန့်ညားနေခဲ့တယ်။ သူ့ရဲ့ ကြည်လင်ပြီးတောက်ပနေတဲ့မျက်ဝန်းတစ်စုံကတော့ နှစ်လိုဖွယ်ကောင်းစွာ ပြုံးနေတယ်။ UNI ရဲ့ကြော်ငြာတွေထဲကအတိုင်း ကြင်နာဖော်ရွေတတ်ပုံရတာကြောင့် မြင်ရသူတိုင်းရဲ့နှလုံးသားကို ပျော်ရွှင်မှုတွေကူးစက်လာစေတယ်။

တီဗီရှေ့မှာ ထိုင်နေတဲ့ ခန်းကျန့်က သတင်းစာကိုချပြီး စခရင်ပေါ်ကပိုင်လန်ကို စိုက်ကြည့်နေတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာOn viuen les histories. Descobreix ara