(7) ဖန်သားပြင်ပေါ်က ညီအစ်ကို

1.4K 218 2
                                    

Unicode

(7) ဖန်သားပြင်ပေါ်က ညီအစ်ကို

ရုန်စစ်ချီရဲ့လက်ရှိမန်နေဂျာ ဖန်းဟွာက တိုတယ်အနုပညာရဲ့အင်အားကြီးမန်နေဂျာတွေထဲက တစ်ယောက်ဖြစ်တယ်။

သူမက တိုတယ်မှာ လူကြီးပိုင်းထဲကတစ်ယောက်လို့ပြောလို့ရတယ်။ ကုမ်ပဏီ စတင်တည်ထောင်ကတည်းက အတူတကွတည်ရှိလာကြတဲ့ ဦးဆုံးလူသားတွေထဲကတစ်ယောက်ပေါ့။ သူမအပြင် အခြား နာမည်ကြီးပြီး လုပ်ကိုင်နိုင်စွမ်းမြင့်မားတဲ့ ချီမင်နဲ့လီဟွမ်သယ်ဆိုတဲ့ မန်နေဂျာနှစ်ယောက်လည်းရှိသေးတယ်။ သူတို့တွေက တိုတယ်အနုပညာကို ကနဦးအုတ်မြစ်ချပေးပြီး တိုးတက်ကြီးပွားလာအောင် ပြုလုပ်ပေးခဲ့သူတွေဖြစ်ခဲ့တယ်။ အခုအချိန်မှာ ဖန်းဟွာက တိုတယ်မှာ ဒုဥက္ကဌအဖြစ် ရာထူးတိုးနေပြီး သူဌေးချိုးချန်လက်အောက်က လက်ထောက်သူဌေးလို့ပြောရမယ်။

အရင်ဘဝတုန်းကတော့ ပိုင်လန်က ဒီလောက်ခပ်စောစော ဒီလိုမျိုးရာထူးမြင့်လူကြီးပိုင်းတစ်ယောက်နဲ့ မဆုံဖူးဘူး။ သာမန်မန်နေဂျာတစ်ယောက်နဲ့ပဲ စာချုပ်ပါလုပ်ရိုးလုပ်စဉ်တွေကို လုပ်ခဲ့တာ။ နောက်ပိုင်း ရွက်လှေကိစ္စဖြစ်ပြီးမှပဲ ဖန်းဟွာနဲ့တွေ့ဖူးခဲ့တယ်။ ပြောရရင်လည်း ရွက်လှေက ချိုးမိသားစုအပိုင်ဖြစ်ခဲ့ပြီး အဲဒိနေ့ကလည်း ချိုးချန်ရဲ့မွေးနေ့ပါတီကျင်းပနေခဲ့တာဖြစ်တယ်။ သူက ချိုးချန်အပေါ်မှာ အကြွေးအများကြီးတင်နေတော့ ပါတီကိုမဖြစ်မနေတက်ရောက်ပေးခဲ့ရတယ်။ ပါတီနောက်ပိုင်း ကျပ်တည်းတဲ့အချိန်ကာလတွေမှာလည်း ဖန်းဟွာဆီက အကူအညီအများကြီးမရပေမယ့် သူမနဲ့သိကျွမ်းခဲ့ပါတယ်။

သူမကိုကြည့်ရတာ ခါတိုင်းပြင်ဆင်နေကျပုံလိုပဲ ဆံပင်တိုတိုနဲ့ ဘောင်းဘီနဲ့ဝတ်စုံပြည့်ကို ဝတ်ဆင်ထားတယ်။ နှုတ်ခမ်းနီအနီရောင်ဆိုးထားတဲ့ သူမအသွင်အပြင်က အရမ်းကိုခန့်ညားတယ်။ နားနှစ်ဖက်မှာလည်း တလက်လက်တွဲလဲခိုနေတဲ့နားဆွဲတွေရှိပြီး ဒီလိုအမှတ်သညာကပဲ သူမကို အခြားသူတွေနဲ့မတူ တမူကွဲထွက်စေတယ်။

ဖန်းဟွာက ဟုန်ဟုန်နဲ့အတူ လမ်းလျှောက်လာပြီး ပိုင်လန့်ဘေးနားရောက်လာတယ်။ ပိုင်လန်လှည့်ကြည့်လိုက်တာမြင်တော့ သူမက အပြုံးလေးနဲ့ စတင်နှုတ်ဆက်လေတယ် "မစ္စတာပိုင် တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မနာမည် ဖန်းဟွာပါ" ပြီးနောက်မှာ သူမက ပိုင်လန်နဲ့လက်ဆွဲနှုတ်ဆက်လေတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now