019:စပါးပိုး အလုပ်အကိုင်

Start from the beginning
                                    

ချင်ယွီ : "...."

ယခင်ကလည်း အလားတူပုဂ္ဂလိကမက်ဆေ့ချ်များကို သူအများအပြားတွေ့ဖူးသော်လည်း ချင်ယွီ က ၎င်းတို့ကို အမြဲလျစ်လျူရှုခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် PK ကစားခြင်း ပြီးသွားသောကြောင့် ဖြစ်နိုင်သည်။ချင်ယွီ သည် သူ၏ သူငယ်ချင်းတောင်းဆိုမှုကို အမှန်တကယ်ဖွင့်ကာ ရေသေ ကို ထည့်သွင်းခဲ့သည်။

ချင်ယွီ ကို သိပြီးနောက် ရေသေ သည် သူ့ကို ကျွမ်းကျင်သူများအဖွဲ့ စကားပြောခန်း ထဲသို့ ဆွဲသွင်းခဲ့ပြီး အတွင်းလူများအား အံ့အားသင့်သွားခဲ့သည်။

"အိုး ဒါက PK ဘုရင်မဟုတ်ဘူးလား!"

"အိုး ဝိုး သူ့ကိုဘယ်သူ ထည့်လိုက်တာလဲ သူကဘယ်သူကိုမှ တစ်ခါမှ မပြောဖူးဘူးလေ "

"အဲ့ ဒါက ရေသေပဲ..."

"ရေသေက ဘုရားသခင်ရဲ့ လူပဲ မဖြစ်နိုင်တာကို လုပ်နိုင်တယ်!"

အဆင့်သစ်သတ်မှတ်မှုနှင့်အတူ  ပြိုင်ပွဲအသစ်ကိုလည်း စတင်ခဲ့သည်။ ချင်ယွီ  သည် သူငယ်ချင်းအသစ်များအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး သူ့တွင် Dungeon ထဲတွင်ကစားရန် သတ်မှတ်ထားသောအဖွဲ့တစ်ဖွဲ့ရှိ သောကြောင့် ၎င်းသည် ပိုမိုပျော်ရွှင်စွာကစားနိုင်စေခဲ့သည်။

သူက စကားများများစားစား မပြောသေးတဲ့အတွက် တခြားကစားသမားတွေက "အေးစက်တဲ့အရပ်ရှည်ဘုရင်" ဟု အမည်ပေးထားလေသည်။

သူ၏ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကြောင့် ချင်ယွီသည် မကြာခဏဆိုသလို ကစားသမားများကြားတွင် အတင်းအဖျင်းပြောခြင်း၏ ဗဟိုဖြစ်လာခဲ့သည်။ အဓိကအကြောင်းအရာများထဲမှတစ်ခုသည် ဂိမ်းတွင်သူ၏ "လက်ထပ်ထားသည်" အခြေအနေပါဝင်သည်။

သို့သော် အမှန်တရားကို မည်သူမျှ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ သူ၏ "ဇနီး" ကိုလည်း တစ်ခါမှ မမြင်ဖူးကြသောကြောင့် အချိန်အတော်ကြာပြီးနောက် လူများသည် ယင်းအကြောင်းကို တဖြည်းဖြည်း မေ့လျော့လာကြသည်။

ရေသေ တစ်ယောက်ထဲ သည်သာ  နှလုံးသားမဲ့ မီး နှင့် PK အကြိမ်သုံးရာကစားပြီးနောက် နောက်ဆုံးတွင် ထိုအကြောင်းကို ကိုယ်တိုင်ကိုယ်ကျမေးမြန်းရဲသောသတ္တိရှိခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now