012: ပိတ်ရက်အပြင်လျှောက်လည်မယ်

Start from the beginning
                                    

ထုန်ရွှမ်က ပြုံးပြီး သူ့လက်ကို ဆွဲကာပြောလိုက်သည်။

"နင့်ကို ကောင်းတာတစ်ခုခုပြန်မပေးလို့ ငါ့ကို အပြစ်တင်နေတာလား။? "

ဟဲကျင့် က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။

" နင်က ငါ့ကိုဘာကောင်းတာပေးနိုင်လို့လဲ? "

ထုန်ရွှမ် က ကုံးယုံ ရဲ့လက်ထဲက လက်မှတ်တွေကို လုယူသွားပြီး

"ဒီတပတ်ပိတ်ရက်မှာ မှာတော့ ရေကန်မှာ ရေကူးဖို့ အတူတူသွားကြမယ်!"

ဟဲကျင့် သည် တစ်ချိန်တည်းတွင် ရယ်ရမလိုလို ငိုရမလိုလိုခံစားလိုက်ရသည်။

"နင်....အာ ဒါကဘယ်လို ကောင်းတဲ့အရာလဲ?"

ကုံးယုံ သည် သူတို့၏စကားဝိုင်းကို နားထောင်ပြီးနောက် နွေးထွေးစွာဖိတ်ခေါ်သည်။

" အာ စီနီယာပါ အတူတူလိုက်လာရင်ပိုကောင်းတာပေါ့ "

ဟဲကျင့် : "မင်းတို့ ကောင်မလေးတွေ တစ်စုနဲ့ ငါ့အတွက် ဘယ်လို လုပ်ပျော်စရာကောင်းမှာလဲ..."

ကုံးယုံက သူ့ခေါင်းကို ခါလိုက်ပြီး "မဟုတ်ဘူး အာ ကျွန်မရည်းစားလည်း အတူတူလာမှာ!" "

ထုန်ရွှမ်: "နင်တွေ့တယ်နော် အခုမိန်းကလေးတွေချည်းပဲ မဟုတ်တော့ဘူး လာစမ်းပါ တစ်နေ့လုံးပျင်းစရာကောင်းအောင် မနေပါနဲ့ နည်းနည်းတက်ကြွစမ်းပါ။ အခု ရာသီဉတု က အနေတော်ပဲ အပြင်လျှောက်သွားပြီး အပန်းဖြေရမယ်!"

ဟဲကျင့် မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ အတိတ်တုန်းကသာ ဒီလိုဖိတ်ခေါ်ခဲ့မယ်ဆို သူငြင်းမှာ အသေအချာပင် ။  ထုန်ရွှမ်လည်း  ဒါကို ကောင်းကောင်းသိလေသည်။ဟဲကျင့် ဒီလူက အအေးဒဏ်ကြောင့် အပြင်ထွက်ရတာ မကြိုက်ဘူးလို့ အမြဲပြော ပြီး အိမ်ထဲမှာပဲနေလေ့ရှိသည်။

အခုတော့  "အပန်းဖြေဖို့" ဆိုတဲ့စကားက ဒီတစ်ခါတော့ ဟဲကျင့် ရဲ့နှလုံးသားကို တုံ့ဆိုင်းသွားစေခဲ့တယ်။

ဟုတ်တယ် သူက ဂိမ်းကစားပြီး ရှုပ်ထွေးသွားတဲ့ စိတ်ဓလးကို ပြန်ဆယ်ယူဖို့ အာရုံပြောင်းတဲ့အနေနဲ့ အပြင်ထွက်သင့်တယ်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now