011: အတင်းအဖျင်း ပို့စ်

Start from the beginning
                                    

တရုတ်အမည်- မသိ

နာမည် ပြောင်များ- နှလုံးသားမဲ့, ချစ်အစ်ကိုကြီး, S အဆင့် နတ်ဘုရား,ပထမဆုံး Demon God ,ယောကျ်ား

Sex- ယောကျာ်းလေး

မွေးသက္ကရာဇ်- မသိ

ဖော်ပြချက်- "Demon God" တွင် အကျော်ကြားဆုံးကစားသမား,အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး သူသည် နာမည်ကြီးတက္ကသိုလ်တစ်ခုမှ ကျောင်းသားတစ်ဦးဖြစ်ပြီး ၎င်း၏ဆွဲဆောင်မူရှိသောအသံကြောင့် မရေမတွက်နိုင်သော အမျိုးသမီးပရိသတ်များစွာရှိသည်။

အကြောင်းအရာမှာ အလွန် အကျင်းချုပ် ဆန်လှသည်။ ဟဲကျင့် သည် လျင်မြန်စွာ ခြုံငုံသုံးသပ်ချက်ပြုခဲ့ပြီး ထူးခြားသည့်အချက်အလက်များကို မတွေ့ခဲ့ရသော်လည်း ပရိုဖိုင်၏ဒုတိယပိုင်းသည် အနည်းငယ် အံ့သြသွားစေခဲ့သည် – ဂိမ်းတင်ဆက်သူ ?

သူသည် ရှာဖွေမှုစာမျက်နှာရလဒ်သို့ ပြန်သွားကာ ကြည့်လိုက်သည်တွင် သေချာသလောက်ပင် ဗီဒီယိုနှင့်ပတ်သက်သည့် လင့်ခ်များစွာရှိနေလေသည်။

ဟဲကျင့် သည် Fly Tour Network ၏တရားဝင်ဝဘ်ဆိုဒ်ကိုတွေ့ရှိခဲ့ပြီး မီး ၏ပင်မစာမျက်နှာကိုနှိပ်လိုက်သည်။ ထိုနေရာတွင် မထင်မှတ်ပဲ မီး၏ တစ်သီးပုဂ္ဂလပရိသတ် ရှစ်သိန်းကျော်အထိ ရောက်နေတာကို သူတွေ့လိုက်ရတော့သည်။

ဟဲကျင့် သည် မည်သည့် idol ကိုနောက်ကိုမှ လိုက်ခဲ့ခြင်းမရှိသောကြောင့် ဤပရိသတ် ရှစ်သိန်း၏ အရေးပါပုံကို သူမသိခဲ့သော်လည်း သူသည် blog အကောင့်တစ်ခုကိုတော့ ပြုလုပ်ခဲ့သေးသည်။သို့သော် အသုံးမပြုသည်မှာလည်းအချိန်တော်တော် ကြာနေပြီဖြစ်သည်။

နှစ်ပေါင်းများစွာတွင် သူ့ ဖော်လိုရာ အရေအတွက် သည် ကိန်းသေဂဏန်းနှစ်လုံးပါရှိခဲ့ပြီး အားလုံးနီးပါးသည် သရဲအကောင့်များဖြစ်ကြသည်။

ထို့ကြောင့် ဤမီး၏ကျော်ကြားမှုကိုကြည့်ရင်း ဖြင့်ဟဲကျင့် သည် ဧကရာဇ်ဘုရင်ကိုမြင်လိုက်ရသည့် တောင်သူလယ်သမားတစ်ဦးကဲ့သို့ ရော နတ်ဘုရားနှင့်တွေ့လိုက်ရသည့် သေမျိုးတစ်ဦးကဲ့သို့ ရော ခံစားလိုက်ရပြီး လုံးဝတုန်လှုပ်သွားခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now