Part4

43 10 2
                                    

မင်ဂီက ဂျုံဟျွန်းအ​ပေါ် ချစ်တဲ့အတ္တစိတ်တစ်ခုတည်းကိုသာ ကြည့်ခဲ့မိသည်။သူ့အနာဂတ်မိသားစုမှာ ဂျုံဟျွန်းတစ်​ယောက်တည်းသာပါဝင်သည်။တခြားအရာ​တွေကို သူမမြင်ခဲ့​ပေ။

အိမ်ခန်းထဲရှိကုတင်​ပေါ်အ​ရောက်ပို့​ပေးလိုက်သည်။မင်ဂီက ဂျုံဟျွန်းမျက်နှာကို ဆွဲထားရင်း အနီးကပ် တစိမ့်စိမ့်ကြည့်​နေသည်။ဂျုံဟျွန်းကမျက်ရည်ရွှဲ​နေသည့်အကြည့်တို့အား စိတ်မ​ကောင်းဖြစ်ရသည်။အံကြိတ်ထား​သော်လည်း မျက်ရည်တို့​ကြောင့်တုန်ယင်​နေဆဲ။သူ့ကိုနမ်းပါဟူ​သောအမူအရာဖြင့် နီရဲ​နေ​သော နှုတ်ခမ်းလှလှကိုထိုး​ပေးလာသည်။

'အကယ်လို့ ဒီမျက်ရည်​တွေ​က ငါ့​ကြောင့်သာဆိုရင် ငါဘယ်လိုလုပ်ရမလဲ မင်ဂီ။မင်းမျက်ရည်ကျတာမျိုးလည်း မမြင်ချင်ဘူး။ငယ်ငယ်တုန်းက​တော့ မင်းငိုတိုင်း ငါက ပါး​လေး​တွေကို​မွှေး​မွှေး​ပေးရင် မင်းကရယ်သွားတယ်။အခုက မဖြစ်နိုင်​တော့ဘူး​လေ '

မင်ဂီက မိမိနှုတ်ခမ်းအား က​လေးငယ်​ရေခဲမုန့်လျက်သလို နမ်း​နေသဖြင့် လန့်သွားသည်။နူးညံ့သည့် နှုတ်ခမ်းပါးငယ်ကို ရုန်းဖယ်ဖို့ကြိုးစား​သော်လည်း မင်ဂီက ​ခြေ​ထောက်နှစ်ဖက်ကိုခွထားပြီးသား​ပေ။

သူအတင်းဖယ်ပါက မင်ဂီ​တစ်​နေရာရာ၌ပုံလဲသွားလိမ့်မည်။​သေးငယ်ပြီး နုနယ်လှသည့် မင်ဂီကို အနာတရဖြစ်မှာစိုးသဖြင့် ပြန်မတုံ့ပြန်ဘဲ ငြိမ်​နေ​ပေးလိုက်သည်။ငယ်စဥ်ကလည်း ပါး​တွေနား​တွေကိုနမ်းဖူး​ပေမယ့် ယခု​တော့မတူဟု ဂျုံဟျွန်းသိသည်။

'ဒါက အိမ်မက်တစ်ခုပဲဖြစ်လိုက်ရင်​ကောင်းမယ်။ငါ​ခေါင်းကြီး​ပေါက်ထွက်ပြီး ရူး​တော့မယ်လို့ခံစားရတယ်'

ထို​နေ့က ကင်မရာတစ်စုံဟာ အခန်း​ထောင့်က​နေ တစ်ဖြတ်ဖြတ်နဲ့မှတ်တမ်းတင်​နေပြီး​နောက် ပုံ​တွေဟာ မိဘ​တွေဆီအလိုလို​ရောက်သွားသည်။ဘယ်သူ့လက်ချက်လဲ​တော့ ​မေးရန်မလို​ပေ။ရလဒ်အ​နေဖြင့် နှစ်​ယောက်ကို အားရဝမ်းသာစွာ လက်ထပ်​ပေးလိုက်သည်။မီရယ်က လုံးဝမ​ကျေနပ်​သော်လည်း ဂျုံဟျွန်းက မီရယ်ကိုဆက်​တွေ့​နေခဲ့သည်။

Potato Beast ( Mini Fan Fiction)Where stories live. Discover now