Part3

52 10 2
                                    

'အခု​နေများ ငါသူ့ကို ကြိုက်​နေတာသိသွားခဲ့ရင် ဆိုပြီး တစ်ခါတ​လေလန့်​နေမိတယ်။မသိခင်​တောင်ကြည့်မရဖြစ်​နေတာ သိများသိသွားရင် ငါနဲ့သူ​ရှေ့ဆက်မျက်နှာချင်းဆိုင်လို့မရ​တော့ဘူး။​​နောင်တ​တော့မရဘူး မင်းကသာ ငါ့လူဖြစ်​နေရင်ရပြီမို့'

မင်ဂီလှည့်ကွက်ထဲ ဂျုံဟျွန်းကသာ ငိုတလှည့် ရယ်တလှည့်က​နေသည်။

'ဒါ​ပေမယ့် ငါမ​ပျော်ရ​သေးဘူး မင်း ငါ့လက်ထဲ​ရောက်လာတည်းက တစ်ခါ​လေးမှ မ​ပျော်ရ​သေးဘူး ဂျုံဟျွန်း'

မင်ဂီသည် ဂျုံဟျွန်း​ဘေး လှဲ​နေရင်း အိပ်​ပျော်သွားသည်။နိုးလာလျှင် သ​ဘောမကျ​လောက်မှန်းသိသည်။သို့​သော် ခဏ​လေးဖြစ်ဖြစ်တူတူရှိ​နေချင်သည်။

ရုတ်တရက် ​ကော်လံကဆွဲထူခံလိုက်ရသည်။

"မင်း ငါ့​ဘေး ဘယ်လိုအိပ်​နေတာလဲ။ညကတစ်ခုခုဖြစ်​သေးလား"

မနက်​ရောက်ပြီမှန်းသိလိုက်ပြီး ရင်းနှီးနှစ်သက်စရာမျက်နှာကို ​ကြည့်မိသည်။ငယ်စဥ်က မနက်မိုးလင်းတိုင်းတူတူနိုးထဖူးချိန်တို့ကိုသတိရသည်။ခုလို​တော့ ဝမ်းမနည်းရ​ပေ။မင်ဂီမျက်ရည်တချို့ဝိုင်းတက်လာကာ မျိုသိပ်လိုက်ပြီး "ဟင်အင်း ဒီတိုင်းအိပ်​ပျော်သွားတာ​လေ"

မနက်စာထချက်​ပေးချင်​စောနှင့် ​ပြေးဆင်းလာသည်။ဂျုံဟျွန်းက မီးဖိုထဲဝင်မလာ​​သေး​ပေ။ခဏကြာ​တော့ အိမ်တံခါးပိတ်သံကြားရမှ သူအလုပ်သွားပြီမှန်းသိလိုက်သည်။သူ့​နေရာမှာ တခြားသူဆို သည်ဥ​ပေက္ခာ​တွေကြား အသက်ရှူနိုင်မယ်မထင်​ပေ။

မနက်ရုံး​ရောက်​တော့  စီမံခန့်ခွဲ​ရေးဌာနမှူးက မျက်နှာမသာမယာနှင့် မင်ဂီနား​ရောက်လာသည်။
"စီအီးအိုနင်းမ် ဟို ​မ​နေ့က"

မင်ဂီ: ဘာဖြစ်လို့လဲ ဌာနမှူးဂင်

ဌာနမှူး: မ​နေ့က စီးပွား​ရေးအစီစဥ် အစီရင်ခံစာ​တွေကို စီအီအိုက လုပ်လိုက်တယ်ဆို ။ကျွန်​တော်တို့အဖွဲ့က အသုံးမကျ မယုံရလို့လားဟင်။ကျွန်​တော်​လေ စိတ်မ​ကောင်းဘူး အီးဟီး ဒီမှာလုပ်လာတာ ၅နှစ်ရှိသွားပြီ စီအီးအိုက ခုလိုစိတ်မချရ...

Potato Beast ( Mini Fan Fiction)Where stories live. Discover now