008:စုံတွဲ တာဝန်များ

Start from the beginning
                                    

ဟဲကျင့် အံ့ဩသွားသည်။ သူက ဒီနာမည်နဲ့ နည်းနည်းရင်းနှီးသလို ခံစားလိုက်ရသည်။

နောက်မှ ထိပ်တန်း ကစားသူ စာရင်းမှာ မြင်ဖူးမှန်းသတိရသွားသည်။ သူပြန်ဖြေတော့မယ့်အချိန်မှာ သူ့ရဲ့ အပြင်လူ   မက်ဆေ့ခ်ျ ဘောက်စ် မှာ နောက်ထပ် မက်ဆေ့ခ်ျအသစ် ပေါ်လာတာကို တွေ့လိုက်ရသည်။

〖သီးသန့် စကားပြောခန်း 〗 'ပန်းယီယီ': "ဆရာရဲ့ ဇနီး~ o (∩ _ ∩) o ~"

ဟဲကျင့်: "....."

တစ်နည်းနည်းနဲ့ ရှက်ရွံ့နေသလို ဟဲကျင့် က နှလုံးသားမဲ့ မီး ကိုမေးလိုက်သည်။

"ပန်းယီယီ...က မင်းတပည့်လား?"

နှလုံးသားမဲ့ မီး- "ဟုတ်တယ်။"

နတ်သမီးလေးကျင့် : "ငါတို့ကြားက ဆက်ဆံရေးအကြောင်း မင်းသူ့ကို ပြောပြလိုက်တာလား?"

ပန်းယီယီ ရဲ့ နာမည်နဲ့ ချစ်စရာအမူအရာကြောင့် ဟဲကျင့် က ဒီတစ်ယောက်ဟာ မိန်းကလေးဖြစ်ရမယ်လို့ ခန့်မှန်းလိုက်သည်။

နှလုံးသားမဲ့ မီး: "ငါတို့နှစ်ယောက်ဆက်ဆံရေးက အလင်းရောင်ကို မမြင်နိုင်ဘူးလား?"

[ T/N:  အလင်းရောင်ကို မမြင်နိုင် = လျှို့ဝှက်ထားခြင်း]

ဟဲကျင့်: "....."

လျှို့ဝှက်ထားသည်ဖြစ်စေ မထားသည် ဖြစ်စေ ကိစ္စ မရှိပေ။

အဘယ်ကြောင့် ဆိုသော် နှစ်ပေါင်းများစွာ ကြာပြီနောက်မှာ မီး နှင့် သူ၏ဆက်ဆံရေးသည် "အမည်ခံသပ်သပ်သာ" ဖြစ်ခဲ့သည်မှာ ကြာလှပြီပင်။

အခုတော့ ခုခဏကပဲ သူ့ကို "မိန်းမ" လို့ ခေါ်တာခံရပြီး ကျွမ်းကျင်ကစားသမား စီကနေပါ "ဆရာရဲ့ဇနီး" လို့ပင်  အခေါ်ခံနေရပြန်သည်။

ဟဲကျင့် သည် ရုတ်တရက် ဝန်ထုပ်ဝန်ပိုးကို ခံစားလိုက် ရပြီး အဲ့တာက အရမ်းခက်ခဲလွန်းလှတယ်။ !

ဟဲကျင့်  သည် စိတ်မသက်မသာခံစားခဲ့ရသော်လည်း ယဉ်ကျေးစွာပင် ပန်းယီယီ ထံသို့ "Hello" ဟု စာ ပြန်ခဲ့သေးသည်။

ဟဲကျင့် က နှုတ်ဆက်စကားပြောနေစဉ် ချင်ယွီက နတ်သမီးလေးကျင့်ကို ခေါ်ကာ ထွက်ခွာရန် ပြင်နေပြီး တစ်ချိန်တည်းမှာပင် သူသည် ပန်းယီယီ ထံသို့ "ငါတို့အရင်သွားနှင့်ပြီ"  ဟု ပို့လိုက်လေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now