007: သူမ မင်းကိုမမြင်နိုင်ဘူး

Začít od začátku
                                    

နတ်သမီးလေးကျင့် : "ဘာအချက်လဲ?"

နှလုံးသားမဲ့ မီး: "အဓိကအချက်က ကျွမ်းကျင်မှုမရှိသေးတဲ့ ဒီ အနံ့နံ နေတဲ့ လူသစ်လေးတွေကို သတ်ပစ်လို့လဲ သူတို့အတွက် ဆုတွေဘာတွေလဲ မရနေဘူးလေ အဲ့တာ ကြောင့် အဆင့်မြင့်တဲ့ ကစားသမားတွေက ဒီတိုင်း အဖတ် မလုပ်ရုံလေးပါပဲ"

တစ်ဖက်လူ၏ လေသံမှာ တည်ငြိမ်အေးဆေးပြီး အမှန်တွေ ပြောနေသော်လည်း...

အသတ်ခံလိုက်ရသော ဟဲကျင့် သည် အနည်းငယ် မပျော်မရွှင် ဖြစ်နေသေးသည် (¯_~ |||)

နှလုံးသားမဲ့ မီး သည် အလွန်အံ့ဩဖို့ကောင်းတယ်ဆိုကို သူလဲဝန်ခံပါတယ် ပြီးတော့ သူက အဆင့်တစ် နတ်ဘုရားလဲဖြစ်နေသေးတယ်လေ။

အဲဒီတုန်းက ဖြတ်သွားဖြတ်လာ နှစ်ယောက် အသတ်ခံရတဲ့ အချိန်မှာ ပျော်နေကြတာ အံဩစရာတော့မရှိတော့ပါဘူး  သူတို့က အစွမ်းတက်တဲ့ နတ်ဘုရား နဲ့ ကြုံတွေ့ ခဲ့ရတာကိုး!!

နှလုံးသားမဲ့ မီး : "နောက်တစ်ချက် က ကစားသမားတွေကြားမှာ အဆင့် က 50 နဲ့အထက် ကွာခြားနေရင် အဆင့်နိမ့်ကစားသမားတွေက အဆင့်မြင့် ကစားသမား တွေကို မြင်ရမှာမဟုတ်ဘူး အဲ့တာကြောင့် အဲ့ ကစားသမား နှစ်ယောက်လဲ ငါ့ကို မမြင်ရဘူး"

မီး ရဲ့အဆင့်က 100 ဆိုတော့ အဆင့် 50 အောက်လူတွေက သူ့ကို မမြင်နိုင် ဘူးလား?

ဟဲကျင့် သည် သူ၏ကိုယ်ပိုင်အဆင့်ကိုမြင်ရန် စခရင်၏ဘယ်ဘက်အပေါ်ကို တစ်ချက်ကြည့်လိုက်သည်။

Spirit Fairy (29) က သူ့ထက်အဆပေါင်းများစွာနိမ့်နေတာ မဟုတ်ဘူးလား!

"ဒါဆို ငါကျ မင်းကို ဘာလို မြင်ရတာလဲ?"

ဟဲကျင့် က ပဟေဋ္ဌိ ဖြစ်စွာ မေးလိုက်သည်။

မီး က တခစ်ခစ် ရယ်လိုက်ပြီး ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက ငါလောင်ဖောမလို့လေ"
မီး သည် ဤမှတ်ချက်ကိုပြောသည့်ပုံမှာ နှေးကွေးနေကာ အထူးသဖြင့် အဓိပ္ပယ် ပါပါ ဖြင့် ပြောလေသည်။

ဒီတစ်ခါတွင်တော့  ဟဲကျင့် က သူ့နားရွက်ကို အကိုက်ရသလို မခံစားလိုက်ရပေမယ့် အတွင်းအပြင်ကို အယက်ခံ လိုက်ရသလိုခံစားလိုက်ရလေ၏။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Kde žijí příběhy. Začni objevovat