005:ပန်းယီယီ

Start from the beginning
                                    

***

နှလုံးသားမဲ့ မီး အမည်သည် စာရင်းများတွင် နံပါတ်တစ် နေရာများစွာကို သိမ်းပိုက်ထားပြီး အချို့တွင်မူ ပထမနေရာတွင် မရှိသော်လည်း ထိပ်ဆုံးငါးဦးတွင် ရှိနေသေးသည်။

စာရင်းသုံးမျိုးတွင်သာ သူ၏အမည်ကို ဖော်ပြထားခြင်း မရှိခြင်း ဖြစ်သည်။

တစ်ခုမှာ "Heavenly Being စာရင်း" နောက်တစ်မျိုးမှာ "Demon God ရဲ့ ဂါထာစာရင်း" နှင့် နောက်ဆုံး တစ်ခုကတော့  "Demon God ရဲ့ Spirit Pet စာရင်း"တို့ပင် ဖြစ်တော့၏။

ထိုစာရင်းများကိုကြည့်ကာ ဟဲကျင့် လုံးဝကို အံသြသွားတော့သည်။

ဟုန်တုန်ယွမ် က သူ့နောက်ကနေ ပြောလိုက်သည်။

"အခု ဂိမ်းရဲ့ အစွမ်းထက်ဆုံး ကစားသမားက နှလုံးသားမဲ့တဲ့ ဘာဆိုလား အဲ့တစ်ယောက် ဖြစ်ပုံရတယ် သူရဲ့ PK ဗီဒီယိုကို အရင်က ငါမြင်ဖူးတယ် ပြီးတော့ တကယ်ပဲ...အားး ဒီနတ် ဘုရားတွေက အရမ်းအံ့သြစရာ ကောင်းတာပဲ!!! "

ဟဲကျင့်: "....."

တကယ်လို့ ဟုန်တုန်ယွမ်ကို သာ အခုမင်းနဲ့ စကားပြောနေတဲ့ သူက နှလုံးသားမဲ့ မီး စီကနေ အတူတူ စီးနင်း ဖို့ တောင်းဆိုခံရတဲ့ အပြင် ခင်ပွန်းပါတော်နေ‌သေးတယ်ဆိုတာကို ပြောပြလိုက်ရင် ဘယ်လိုတုန့်ပြန် မလဲ ဆိုတာ သိချင်လိုက်တာနော်။

( ~, ~) ဟဲကျင့် ရဲ့ ပါးစပ်ထောင့်လေးက တွန့်သွားပြီး စာမျက်နှာကို အမြန်ပိတ်လိုက်တော့သည်။

ထိုအချိန်တွင် ချင်ယွီ သည် နတ်သမီးလေးကျင့် ကို ခေါ်ကာ တောင်ပတ်လမ်းမှ ထွက်သွားလေသည်။ လမ်းမှာ သူ့Friend Chatမှ မှိတ်တုတ်မှိတ်တုတ်
လင်းလာလေသည်။

ချင်ယွီသည် ပထမ က လျစ်လျူရှုရန် စီစဉ်ခဲ့သော်လည်း ပေးပို့သူမှာ ပန်းယီယီ ဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်ပြောင်းသွားပြီး ပျင်းရိစွာဖြင့် နှိပ်လိုက်သည်။

ပန်းယီယီ:"ဆရာကြီး ရှင် က World ထဲမှာလား"

World Channel မှာပြောတဲ့ အကြောင်းအရာများကို သူမ လဲ တွေ့လိုက်ပုံရသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now