004:ပထမအဆင့်ဆရာကြီး

Start from the beginning
                                    

အဲ့ဒါကြောင့် သူက ငါ့ကို မကွာရှင်းခဲ့တာလား?

ဒီလိုမျိုး ကြုံလာရရင် သာမာန်လူတွေက လှုပ်လှုပ် ရွရွဖြစ်မှာ မဟုတ်ပေ။

အဲဒီ့အစား သူတို့တွေးမယ့် တစ်ခုတည်းသောအရာက ဒီလူ စိတ်ရောမှန်ရဲ့လား?
ဒါမှမဟုတ် မင်းက ငါ့ကို နောက်နေတာလား ဟုတ်တယ်မလား?

ဟဲကျင့် သည် သူ့ကိုယ်ပိုင် မယုံကြည်နိုင်လောက် သော အတွေးကို ဖယ်ရှားရန် ခေါင်းယမ်းလိုက်သည်။ "လက်ထပ်ထားသည်" ဆိုသည့် အနေအထားကို ခံစားရန် ကွာရှင်းခြင်းမပြုကြသူများလည်း ရှိကောင်းရှိနိုင်ပေသည်။

ဇနီးသည် က ရှစ်နှစ်ကြာ အောင် ထွက်ပြေးသွားခဲ့သည့်တိုင် ပေမယ့်ပေါ့ (=_=)

တစ်ချိန်တည်းမှာပင် လမ်းသွားလမ်းလာ နှစ်ဦးသည် သူတို့ရပ်နေသည့်နေရာအနီးအနားသို့ လျောက်လှမ်းလာကြသည်။

လမ်းသွားလမ်းလာ A: "ဟေ့ မျောက်တွေက ဘယ်မှာလဲ"

လမ်းသွားလမ်းလာ B: "မျောက်တွေ မရှိတော့ဘူးလားဟ? "

ဟဲကျင့် သည် နားကြပ်တပ်ထားသောကြောင့် လမ်းသွားလမ်းလာ နှစ်ယောက်၏ စကားပြောဆိုမှုကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဒါပေါ့ ဤဂိမ်းရှိကစားသမားများသည် တိုက်ရိုက်စကားပြောနိုင်ကြသည်။ အသံလုပ်ဆောင်ချက်ကို ဖွင့်ထားသရွေ့ မည်သူမဆို စကားပြောနိုင်သည်။

၎င်းကို လက်တွေ့ကမ္ဘာတွင်ရှိသကဲ့သို့ ခံစားချက်ကို ပုံဖော်ရန် ဖန်တီးထားသည်။

သူတို့၏ အသံများကို ကြည့်ပြီး ဟဲကျင့် သည် အခြား ကစားသမား နှစ်ဦး သည် အလွန် ငယ်သေးမည် ဟု မှန်းဆ ခဲ့သည်။

လမ်းသွားလမ်းလာ A : "ငါတို့ နေရာမှားသွားတာလားဟ"

လမ်းသွားလမ်းလာ B : "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အရင်ငါလာတုန်းက ဒီမှာ မျောက်စုတ်တွေရဲ့ ကုတ်တာ ခံလိုက်ရသေးတယ်လေ!"

ဟဲ့ကျင့် က private chat တစ်ခုကိုဖွင့်ပြီး မီး ကို မေးလိုက်သည်။

"လူသစ်တွေ အတွက် မျောက်ကို သတ်ရမယ့် task ရှိသေးလား?"

နှလုံးသားမဲ့ မီး - "အင်း ရှိသေးတယ်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now