003:ဟိုနားဒီနားလိုက်ပြမယ်

Mulai dari awal
                                    

ထို့ကြောင့်အနောက်ကနေတစ်ခြားတစ်ယောက်ရဲ့ အဖက်ခံထားရတာက သူ့ကို အနည်းငယ်အနေရခက်စေသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီ ယောက်ျား-မိန်းမ ထိုင်နေတဲ့ ကိုယ်ဟန်အနေအထားက ဒီဂိမ်းရဲ့ Default ဖြစ်ပြီး သူလုပ်နိုင်တာ ဘာမှမရှိပေ။

သူတို့ကို သယ်ဆောင်လာသော "မြင့်မြတ်သော သားရဲ" က စတင်ပြေးပြီး မကြာခင်မှာ ပင် သူ့ရဲ့ခြေလေးချောင်းက မြေပြင်မှ စွန့်ခွာကာ တိမ်များကို ချိန်ရွယ်ထားသကဲ့သို့ ကောင်းကင်သို့ တည့်တည့် ပျံသန်းသွားတော့သည်။

ဟဲကျင့် က သူ့အရှက်တရားတွေကို ဖယ်ရှားဖို့ တစ်ခုခုပြောဖို့ ကြိုးစားလေသည်။

"ဒီကောင်ကို ဘယ်လိုခေါ်လဲ ကြည့်ကောင်းတယ်ရော"

နှလုံးသားမဲ့ မီး:"သနားဖွယ်မီးလျှံ"

နတ်သမီးလေးကျင့်: "ဒီဟာကိုဘယ်လိုခေါ်လဲ?"

နှလုံးသားမဲ့ မီး : "ပူပြင်းဝိညာဉ် သားရဲ"

နတ်သမီးလေးကျင့်: "မင်းနောက်က တောင်ပံတွေက ဘယ်လိုရတာလဲ?"

နှလုံးသားမဲ့ မီး : "အဲ့တာက မှော် အတောင်ပံတွေ"

နတ်သမီးလေးကျင့်: "..."

ဟဲကျင့်က စကား ထပ်မပြောတော့ပေ။ဒီအရာတွေအကြောင်းကြားရတာက သူကို လန်းတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေသည် အရင်က တစ်ခါမှမကြားဖူးပေမယ့်လည်းပေါ့လေ။အဲ့အကြောင်းတွေအရမ်းမေးနေရင်လဲ အနည်းငယ်ရူးကြောင်ကြောင်နိုင် မှာစိုးရသည်။

ကံကောင်းထောက်မစွာ သူတို့ပတ်ဝန်းကျင်က ရှုခင်းတွေက သာယာတဲ့အတွက် သူ့ကိုယ်သူ အာရုံပြောင်းနိုင်ခဲ့လေသည်။

မကြာမီ သူတို့သည် ပန်းတောင်ကြားမှ ထွက်ခွာကာ တောင်ပေါ်လမ်းတစ်ခုသို့ ဝင်ရောက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် စိမ်းလန်းသော မြက်ပင် များ ရှိနေပြီး ဤနေရာတွင် ပွင့်နေသော ပန်းအနည်းငယ်လည်းရှိသည်။

ဂိမ်းကစားရတဲ့ ခံစားချက်က အခုအချိန်မှာ အရမ်းကိုစစ်မှန်နေလေ၏ ကွန်ပျူတာ ဟာ့ဒ်ဝဲ၏ နည်းပညာသည် ခေတ်မီနေသောကြောင့် ဒေတာပြတ် တောက်မှု စက်ပြဿနာနှင့် အခြားဖြစ်စဉ်များ ရှိမည်မဟုတ်ပေ။ ဂိမ်းအခင်းအကျင်းအသေးစိတ်သည် စိတ်ကူးယဉ်ရုပ်ရှင်များနှင့် နှိုင်းယှဉ်နိုင်ပြီး ရှုထောင့် တစ်ခုချင်းစီတွင် အလွန်လှပသောရုပ်ပုံများကို ပြသထားသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang