002:နှလုံးသားမဲ့မီး

Start from the beginning
                                    

အသံက ချင်ယွီကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ သူသည် သူ၏ 7 Up ကို စားပွဲပေါ်တင်လိုက်ပြီး ကီးဘုတ်ပေါ်တွင် ခပ်သွက်သွက်လေးရိုက်လိုက်ပြီး "မင်းလား?"ဟုမေးလိုက်သည်။

နတ်သမီးလေးကျင့်: "အင်း"

စနစ်က ဒီလူရဲ့ အထောက်အထားကို ပြသထားပေမယ့် ဟဲကျင့် က သူ့ကို အတည်ပြုလိုက်သေး၏။

နတ်သမီးလေးကျင့်: "ဒါဆို အဲ့ဘက်ကရော?"

"ငါ့ရဲ့ မပြည့်စုံတဲ့ စိုးရိမ်မှုတွေ၊ မင်းလည်း သူတို့ကို စိတ်ပူတယ်။

ဤမပြည့်စုံသောငါ့ကို မင်းအမြဲတမ်း မင်းရဲ့ရတနာအဖြစ် သဘောထားတယ်..."

စမတ်လက်ပတ်က ဆက်ပြီး အသံထွက်ပေါ်နေတာကြောင့် ချင်ယွီအဲဒါကို မကျေမနပ် ကြည့်နေခဲ့သည်။ သူသည် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် သူ့မျက်လုံးများကို ကင်မရာမှန်ဘီလူးဆီသို့ လှည့်လိုက်တော့သည်။

သူ့စမတ်လက်ပတ်ပေါ်က တစ်ခုခုကို ဖိလိုက်တဲ့အခါ အသံက ရပ်သွားတော့သည်။ထို့နောက် လေးထောင့်projectorတစ်ခုသည်လက်ပတ်၏ အထက် တွင် ပေါ်လာပြီး နီမြန်းသောဆံပင်ပုံစံနှင့် လူငယ်တစ်ဦး၏မျက်နှာကို ပြသလာတော့သည်။

[T/N- ဒီဇာတ်လမ်းက အနာဂတ်ကပိုတိုးတက်တဲ့ခေါတ်ကို အခြေခံထားတာပေါ့နော် စမတ်လက်ပတ်က ဖုန်းလိုမျိုးပဲ သူကတော့ ခေါ်တဲ့သူကို ဟောလိုဂရမ် ပုံရိပ်နဲ့ မြင်ရတာမျိုးပေါ့နော်]

"ချင်ကော မင်းဘာလို့ အွန်လိုင်းပေါ်မလာတာလဲ?ဒီနေ့ပွဲက စတော့မှာ ပြီးတော့ကြည့်ပါဦး ဒီလိုအေးတဲ့ ရာသီဥတုမှာ စွပ်ကျယ် လေးပဲ ဝတ်ထားတယ်! အခုမှရေချိုးပြီးတာလား"

"ဒီနေ့ liveလွှင့်တာ မလုပ်တော့ဘူး"

"ဟမ်? ဘာ?!"

လက်ထောက်က အော်လေသည်။သူများနားကြားမှားတာလားလို့တောင်ထင်မိလေရဲ့။

ချင်ယွီသည် ကွန်ပျူတာscreen၏ message box တွင် စာလုံးတစ်လုံးပြီးတစ်လုံး ရိုက်ထည့်လိုက်သည်။ သူ့စာရိုက်အားသည် ကီးဘုတ်ပြုတ်ကျလုနီးပါးပါပဲ။ လုပ်ဆောင်ချက် တစ်လျှောက်လုံးတွင် သူသည် သူ၏လက်ပတ်အထက်ရှိ projectorကို တစ်ချက်မျှ မကြည့်ဘဲ ဖုန်းခေါ်ဆိုသူအား

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now