Q & A Section

333 28 7
                                    

Q: GV က GW ကို ရင်ခုန်ဖူးလား?
A: ခေါင်းလေးလာပွတ်တဲ့အခါ၊ ဘယ်သူနဲ့မှ မတူအောင် ဂရုစိုက်ပေးတဲ့အခါ၊ သူ့ကို နားအလည်နိုင်ဆုံးက GW လို့ပဲသိတဲ့အချိန်တွေတိုင်း ဂယူဘင်းက စိတ်ယိုင်ဖူးပါတယ်

Q: ရီခီက ဘာလို့ ဂယူကို အနိုင်ကျင့်ရတာလဲ
A: ချစ်လို့ပါ

Q:ချစ်တယ်ဆိုပြီး ဘာလို့ အနိုင်ကျင့်တာလဲ?
A: စိတ်ရောဂါလို့လည်း ပြောလို့ရတယ်၊ ပြီးတော့ Red flag အကြီးစားလို့လည်း ပြောလို့ရပါတယ်၊ ကိုယ်ချစ်တဲ့သူက ကိုယ့်အတွက် ခံစားပြီး ငိုနေတာကို ကြည့်ရတာ ခုံမင်တတ်တဲ့စိတ်ပါ၊ သဝန်တိုတာမျိုး၊ ပြီးတော့ မခွဲနိုင်တာမျိုးတွေကြောင့် တစ်ဖက်လူကငိုရင် သိပ်သဘောကျတာပါ၊ အဲ့ဒါကြောင့်လည်း ငိုအောင် အမြဲလုပ်တတ်ပါတယ်

Q: ဒါဆို နောက်ပိုင်းက အဲ့စိတ်ရောဂါ ပျောက်သွားတာလား?
A: မပျောက်ပါဘူးနော်၊ ခဏဖျောက်ထားရုံပါပဲ၊ ဘာလို့ဆို ဂယူဘင်းဘက်ကို ပိုတွေးပေးလိုက်လို့ပါ၊ ပြောရရင်တော့ ကိုယ်စိတ်ကျေနပ်ဖို့ထက် ကိုယ်ချစ်တဲ့သူ ပျော်နေဖို့ကို ပိုဦးစားပေးလိုက်တာပါ၊ အဲ့လိုအရာမျိုးတွေကလည်း လွယ်လွယ်ပျောက်အောင် လုပ်လို့ရတဲ့အကျင့်မဟုတ်ပါဘူး

Q: ဂွန်းဝုဂ့်က ယူဂျင်းကိုပြန်ကြိုက်နိုင်မလား?
A: ကြိုက်နိုင်ပါတယ်၊ ယူဂျင်းကသာ ဇွဲရှိရင်ပေါ့

Q: ဂွန်းဝုဂ့်လိုလူမျိုးက ဘယ်လိုဖြစ်ပြီး အဲ့လောက်တောင် ချစ်မိရတာလဲ?
A: ဘယ်သူမဆို နင့်နင့်နဲနဲ ချစ်မိနိုင်တာပါပဲ၊ သူကတော့ ဉာဏ်ကောင်းလို့ အချစ်ကို ရှောင်နိုင်မှာပဲဆိုတာ မရှိပါဘူး၊ ဉာဏ်ကောင်းတဲ့သူတွေက ပိုပြီးတောင် ခံစားတတ်ပါသေးတယ်

Q: maknaez ကို extra ပေးဖို့ရှိလား?
A: ဟုတ်ကဲ့ ရှိပါတယ်ရှင့်

Q: shenvin ကိုရော extra ရေးပေးမှာလား?
A: ရေးပေးမှာပါရှင့်

Q: အရမ်းချစ်တယ်ဆိုတိုင်း ဂွန်းဝုဂ့်လို ကိုယ့်အတွက်ကိုယ်မတွေးနိုင်တော့တာမျိုး ဖြစ်လို့လား?
A: ဖြစ်ပါတယ်၊ ကိုယ်တိုင် ဖြစ်တည်မှုကိုတောင် မေ့ပြီး သူ့ရဲ့ဖြစ်တည်မှုကို ချစ်မိသွားတဲ့အခါ ကိုယ့်ကိုယ်ကို မတွေးကြတော့ပါဘူး...

Q: GW Characterက အရမ်းသနားစရာမကောင်းလွန်းဘူးလား?
A: တတိယလူအနေနဲ့ မြင်ကြည့်ရင်တော့ သနားစရာပါ၊ ဂွန်းဝုဂ့်ဘက်က ကြည့်ရင်တော့ မကောင်းပါဘူး၊ ဘာလို့ဆို သူချစ်တဲ့အကြောင်းတွေ ပြောလိုက်နိုင်ပါတယ်၊ သူဘယ်လောက်ထိ ချစ်ကြောင်းကိုလည်း တစ်ဖက်လူက သိပါတယ်၊အဲ့အတွက် ဝမ်းနည်းစရာမကောင်းပါဘူး

Q: ဂယူဘင်းက ဘာလို့ ဂွန်းဝုဂ့်ကို မကြိုက်ရတာလဲ? ငိုအောင်လုပ်တဲ့သူကျ အရမ်းချစ်နေနိုင်ပြီးတော့?
A: ငိုအောင်လုပ်တဲ့သူကို အရမ်းချစ်နေတာမို့၊ ဂွန်းဝုဂ့်ကို ချစ်စရာ နှလုံးသား မရှိတော့တာပါ

ဒါတွေက ‌စာရေးရင်း CMT မှာ တွေ့ရတတ်တဲ့ဟာတွေကို မေးခွန်းအဖြစ်ပြောင်းပြီး ပြန်ဖြေထားတာတွေပါ၊ နောက်ပြီး ဘယ်သူမှ မမေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်၊ Ricky Character က ဘယ်သူ့ကို Inspire ယူထားတာလဲဆိုတာပါ၊ ရှင်းကိုယ်တိုင်ပါပဲ ရှင်းရဲ့ တချို့ပုံစံကို Ricky character နဲ့ပေါင်းထားတာပါ, အကုန်လုံးတော့ မဟုတ်ပါဘူး...

မေးချင်တာရှိရင် ထပ်မေးလို့ရပါတယ်နော် အတော်လေးတော့ မေးခွန်းကုန်ပြီ ထင်ရတာပါပဲ

~GAMBLE~Where stories live. Discover now