"ဂယူဘင်း"
"ဟင်"
"မင်း ဂွန်းဝုဂ့်အပေါ် ဘယ်လိုခံစားရလဲ?"
တိတ်ဆိတ်နေတဲ့ အိမ်ပြန်လမ်းဟာ ရစ်ခီ့ အမေးစကားကြောင့် ပြန်ပြီး အသက်သွင်းလိုက်သလို...
"သူငယ်ချင်းကောင်းလို့ ခံစားရတယ်"
"ဒါပဲလား"
"အင်း တစ်ခါတစ်လေကျရင်တော့ လူကြီးလေးလို၊ တစ်ခါတစ်လေကျတော့ အငယ်လေးလိုမျိုး ပြီးတော့ သူနဲ့အတူ ရှိနေရရင် ငါလွတ်လွတ်လပ်လပ် ရှိတယ်လို့ ခံစားရတယ်"
"သဘောကျလား"
"အင်း"
ဂယူဘင်း အဖြေကြောင့် ရစ်ခီ့ ရင်ဘတ်ထဲက တစ်ခုခု ကျကွဲသွားတဲ့အသံ ကြားလိုက်ရသည်။
"မျက်နှာက ဘာဖြစ်သွားတာလဲ"
"ဒီအတိုင်း အိမ်ပဲ ပြန်ရအောင်"
ရစ်ခီက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း အိမ်ပြန်လမ်းကို တိတ်တဆိတ်သာ လျှောက်လှမ်းသည်။
"ဂယူဘင်း"
"ဟင်"
အိမ်ရောက်လို့ ဖိနပ်ချွတ်နေတုန်း သူ့နားထိုင်ကာ ခေါ်လာတာမို့ ဂယူဘင်း ရစ်ခီကို ကြည့်မိသည်။
"ဖယ် ငါလုပ်ပေးမယ်"
ဖိနပ်ချွတ်ရ အခက်အခဲ ဖြစ်နေတဲ့သူ့ကို အနားမှာထိုင်ရင်း ဖိနပ်ကြိုးတွေကို ဖြည်ပေးလာသည်။
ဒါမျိုးတွေကို အရင်က လုပ်ပေးနေကျပေမဲ့၊ သူ ရစ်ခီ့ရဲ့ ဒီလိုအပြုအမူတွေနဲ့ ဝေးကွာနေတာ ကြာပြီဖြစ်သည်။ အခုလို အရင်အတိုင်း ပြန်လုပ်ပေးလာတော့လည်း ဂယူဘင်းမှာ ဒီအပြုအမူတွေကို ရင်ခုန်ရပြန်သည်။
"မင်းခြေထောက်တွေက ငါ့ထက်တောင် ကြီးလာတာပဲ"
"အမှန်တော့ မင်းက သေးနေတာ"
"ဟား ဟား မသေးပါဘူး ငါလည်း အရပ်က180 ကျော်ပါတယ်ကွ"
"ငါက ပိုမြင့်တာလေ အရင်ကလို မင်းထက်သေးပြီး မင်းကပဲ ကာကွယ်ရမဲ့ ဂင်မ်ဂယူဘင်း မဟုတ်တော့ဘူး"
သူ့စကားကြောင့် ရစ်ခီ့အပြုံးတွေဟာ ပျောက်သွားသည်၊ ပြီးတော့ သက်ပြင်း တိုးတိုးကလေး ချသည်။
![](https://img.wattpad.com/cover/353442020-288-k290095.jpg)
YOU ARE READING
~GAMBLE~
Fanfictionတစ်ခုတော့ရှိတယ်၊ ချစ်မိသွားလို့တော့ မရဘူး Gyuvin, မင်းက ငါ့တစ်ယောက်တည်းရဲ့ အပိုင်မို့လို့