407 42 17
                                    

"ဂင်မ် ဂယူ ဘင်းလို့ ခေါ်တယ်"

အရှေ့က ခေါင်းလုံးလုံးလေးနှင့် မျက်လုံးဝိုင်းဝိုင်းတွေနှင့် ကောင်လေးဆီမှ မိတ်ဆက်စကားကြောင့် ချွမ်ရွေ့ ပြုံးလိုက်မိသည်။

"အင်း ဂယူဘင်း၊ ငါ့နာမည်က ရှန်ချွမ်ရွေ့"

"ဘာကြီး! ရွမ်ချွေ့?"

သူ့နာမည်ကို မပီမသ ခေါ်ကာ ခေါင်းလေးစောင်းရင်း မှန်လားဆိုသည့် မျက်နှာထားကြောင့် ချွမ်ရွေ့မှာ ရယ်ချင်တာကို အောင့်ထားရသည်၊ အရှေ့ကသူက သူနဲ့အတူတူ ၁၀နှစ်ဆိုတာရော ဟုတ်ရဲ့လား...

"ရှန်ချွမ်ရွေ့ပါဆို"

"ရွှမ်ရွေ့"

"ရှန်..."

"ရှန် .."

"ချွမ်..."

"ချွမ်..."

"ရွေ့"

"ရွေ့"

"အင်း ရှန်ချွမ်ရွေ့"

"ရွှမ်ရွေ့!"

တစ်လုံးချင်းပြောတုန်းက အကောင်း ပေါင်းပြောလိုက်တာနဲ့ တလွဲတွေ အသံထွက်လာတာကြောင့် ချွမ်ရွေ့ မအောင့်ထားနိုင်စွာ ရယ်မိတော့သည်။

"ဟင့် မင်းနာမည်က ခက်တာကို၊ အီးဟီး ငါ့ကို လှောင်တယ် ၊ မားမားတီလေးနဲ့ တိုင်ပြောမယ် ဟင့်, အီးဟီး မားမားတီလေး မားမားတီလေး!!"

ဒီမိုချီလုံးလေးက ဘာပါလိမ့်၊ အား တကယ်ပါပဲ၊ အာရုံစိုက်ချင်စရာကောင်းအောင်လို့၊ ချစ်ဖို့ကောင်းပြနေတော့တာပဲ၊

သူဖြင့် ရယ်မိရုံပါပဲ၊ ဘယ့်နှယ့် မားမားဆီ တိုင်တဲ့ဆီပါ ရောက်သွားတာတုန်း....

"အားရှန် ဝင်လာခဲ့ ကလေးကို ဘာလုပ်လိုက်လို့ ငိုသွားတာလဲ!"

မားမားရဲ့ အော်သံကြောင့် ချွမ်ရွေ့မှာ အိမ်ထဲ ပြေးရသည်။

"သားက ဘာမှမလုပ်ပါဘူး၊ သားနာမည်ကို ခေါ်မတတ်လို့ သူ့ဘာသာ ငိုသွားတာ"

"မဟုတ်ဘူး မားမားတီတီ ဟင့် ရွှမ်ချွေ့ ဟုတ်ဘူး ရွှမ်ရွေ့ကလေ သားကို လှောင်တယ် ဟင့်"

ဂယူဘင်းဆီက ထွက်လာတဲ့ သူ့နာမည်ကြောင့် တီတီရော မားမားပါ ဗိုက်တွေနာအောင် ရယ်ကြတော့သည်၊ အဲ့ဒါကို ထိုပေါက်စက သူ့ကိုလှောင်ပါတယ် ဆိုပြီး ပိုပြီး အာပြဲအောင် ငိုပါတော့သည်...

~GAMBLE~Nơi câu chuyện tồn tại. Hãy khám phá bây giờ