440 51 10
                                    

Warning - Rude Words 🚨🙏

_______________

အခန်းစီးလိုက်ကာကို ဖြတ်ကာ မျက်နှာပေါ်ကျလာတဲ့ နေရောင်ကြောင့် ဂွန်းဝုဂ့် မျက်မှောင်ကျုံ့မိလိုက်သည်။ နောက်တော့ သတိရလာသည်က သူအိပ်နေတာ ဂယူဘင်း အခန်းထဲမှာပဲ၊ မျက်လုံးဖွင့်ရန် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်ပြီး ဘေးကို စမ်းကြည့်တော့ လက်ကလေး တစ်ဖက်ကိုင်မိတာကြောင့် အိပ်ရေးမဝသေးသည့် မျက်လုံးတွေဟာ ပြူးကျယ်သွားရသည်။

ဘေးမှာ ကွေးကွေးကလေး အိပ်နေသေးသည့် ဂယူဘင်းကို ကြည့်ကာ သူပြုံးလိုက်မိသည်။ ညက သူလည်းပင်ပန်းထားတယ်ဆိုပေမဲ့၊ ဂယူဘင်းဟာ သူမမြင်နိုင်တဲ့ ရပ်ဝန်းမှာ ဘယ်လောက် ပင်ပန်းခဲ့မှန်း မသိ....

ဒါကြောင့် ခုတင်ပေါ်က ဖြည်းဖြည်းလေးထလိုက်ကာ ဘေးက စောင်ကို ဂယူဘင်း တစ်ကိုယ်လုံး ဖုံးစေရန် ခြုံပေးလိုက်ပြီး လိုက်ကာတွေကို ကြားလပ်မရှိအောင် ဆွဲစိလိုက်သည်။

သူကတော့ အောက်ထပ်ဆင်းကာ ဆောလေးကို ရှာရတော့သည်။ ဆောလေးက ဝတ်ကောင်းစားလှတွေဝတ်ကာ ဖိနပ်စီးနေတာမို့ သူမျက်ခုံးပင့်မိလိုက်သည်။

"အာ နိုးပြီလား? ညက ဟျောင်းတို့ ပင်ပန်းနေမယ်ထင်လို့ မနှိုးတော့တာ..."

"အင်း ဘယ်သွားမလို့လဲ ဆောလေး"

"ကျွန်တော် သူငယ်ချင်းတွေနဲ့ တွေ့ဖို့ရှိလို့၊ အဲ့ဒါ ဒီနေ့ ဟျောင်းက ကိုကို့နား နေပေးလိုက်နော် ဟီး..."

တမင် အရောက်ပို့သွားတဲ့ ဆောလေးကို သူခေါင်းခါမိသည်။ တကယ့် အထက်တန်းကျောင်းသား အတွေးနဲ့ နှစ်ယောက်အတူရှိတာနဲ့ ခရီးဆုံးရောက်မယ် ထင်ကာ နှစ်ယောက်တည်း ချန်သွားမှန်း သိသာတာကြောင့် သူရယ်လိုက်မိသည်။

"တကယ် အရွယ်မရောက်သေးဘူးပဲ အခုထိ"

ဂွန်းဝုဂ့် ဆောလေး အခန်းက ရေချိုးခန်းကိုပဲ သုံးလိုက်ပြီး ရေခဲသေတ္တာထဲက ပစ္စည်းတစ်ချို့ကို သုံးကာ မနက်စာ ပြင်လိုက်သည်။

"ထူးထူးဆန်းဆန်း မနက်ဘက် အိမ်မှာ မွှေးနေပါတယ်လို့ ဂွန်းဝုဂ့်ကိုး ,ဆောလေးရော?

~GAMBLE~Wo Geschichten leben. Entdecke jetzt