မုန့်ကာလီသည် ဒေါက်တာ၏ စိတ်ထဲမှ သက်ပြင်းချသံကိုပင် ကြားနေရသည်ဟု ထင်လာသည်။

"ကျွန်တော်တော့ ဒေါက်တာ သူ့ကို လောလောဆယ် ဘယ်လိုပုံမျိုးနဲ့မှ သွားတွေ့သင့်တယ်လို့ မထင်ဘူး"

မုန့်ကာလီက ရိုးသားစွာ အကြံပေးသည်။

'နောက်ယောင်ခံလိုက်တာက ပိုကောင်းလိမ့်မယ်'

"ထွက်သွားစမ်း မုန့်ကာလီ အခုချက်ချင်း ယွီဟောက်ဆီသွား ငါမခေါ်မချင်းပြန်မလာနဲ့"

ထို့နောက် နေ့တိုင်းနေ့တိုင်း တစ်ဒသမငါးမီတာရှည်သော ကလန်ကလားအရပ်ကြီးနှင့် တစ်ဒဿမခုနှစ်မီတာရှည်သော ဝတ်ရုံကြီးကို ဝတ်ကာ လေထဲပေါလောပေါနေတတ်သော မုန့်ကာလီသည် သူ၏ ဘော့စ်စကားကို ကြားပြီး အေးခဲသွားသည်။

--------------------------------

ရာဖြတ်က ဖုန်းဟော်ကုချန်ကို မက်ဆေ့ချ်သွားပို့သည်။

"ဖုန်းဟော် မင်း "ကျိရင်"အတွက် လက်နက်လုပ်ပေးတဲ့သူကို သိလား ငါလည်း လက်နက်တစ်ခု လိုချင်လို့ လိုတဲ့ ကုန်ကြမ်းတွေအကုန် ရှာပေးနိုင်ပါတယ်ကွာ"

ဖုန်းဟော်ကုချန် မေးစေ့ကို ပွတ်ရင်းတွေးကြည့်သည်။ တစ်စုံတစ်ခုတော့ ဖြစ်ပျက်သွားကြောင်း သူသေချာသွားသည်။ ချီးရှီပွဲတော်မစ်ရှင်လုပ်နေချိန်တုန်းက ကျိရင် တစ်စုံတစ်ယောက်ကို ပေးရန် နှင်းဆီပန်းစည်းကြီး ယူလာသည်ကို မြင်ခဲ့သည်။ ယခုတော့ တစ်စုံတစ်ခုက တကယ်ကို ဆက်တိုက်ဖြစ်သွားပုံပေါ်သည်။

သူကပြောသည်။

"ကောင်းပြီလေ သူနောက်တစ်ကြိမ် လိုင်းပေါ်တက်လာရင် ကျွန်တော်မေးထားလိုက်မယ်"

ကျန်းကျိရင်မှာ အစောကတည်းက လိုင်းအောက်သွားပြီး <Tomorrow>ကမ္ဘာသို့ ပြန်ရောက်သွားပြီဖြစ်သည်။ လက်နက်တစ်ခု၏ အရေးအကြီးဆုံးသော လိုအပ်ချက်မှာ ၎င်း၏ တိုက်ခိုက်သည့် အစွမ်းဖြစ်သည်။ ပစ္စတိုသည် အဝေးမှ တိုက်ခိုက်နိုင်သော လက်နက်ဖြစ်သည့်အပြင် တိုက်ခိုက်နိုင်စွမ်းကလည်း မြင့်လှသည်။ သို့သော် ၎င်းကို တိကျမှုစွမ်းအားရှင်က အသုံးပြုမည်ဆိုလျှင် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုကို ထုတ်ပေးနိုင်မည့် ဖြစ်နိုင်ခြေ ခုနှစ်ဆယ်ရာခိုင်နှုန်းရှိသည်။ ထို့ပြင် အဆက်မပြတ် သွေးထွက်စေခြင်း၊ ကိုမာဝင်သွားစေခြင်း၊ ခဲသွားစေခြင်း အစရှိသဖြင့် အပိုဆောင်း skill များရှိသေးသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now