"ဒီနေ့ တော်တော်လေးကောင်းတယ်..ရာသီဥတုက အေးလာတော့ ပါဆယ် မှာစားတဲ့သူတွေများလာတယ်လေ..အဲ့ဒါနဲ့ပဲ အလုပ်များနေတယ်ဆိုပါတော့"
ကျိုးကျင်းဇယ်က အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားရင်း ပြုံး၍စကားဆိုလိုက်၏။
"ပင်ပန်းသွားရပါပြီ"
ကျိုးကျင်းဇယ်က မဝေးသောနေရာတစ်ခုအား လက်ညှိုးထိုးပြပြီး သူမအား သွားထိုင်ခိုင်းထားနှင့်၏။ ရွှီဆွေလည်း နေရာ၌ ဝင်ထိုင်လိုက်ပြီး တစ်သျှူးတစ်ရွက်ထုတ်ကာ စားပွဲခုံအား သန့်ရှင်းလိုက်ရင်း ပြန်လှမ်းကြည့်လိုက်သည်။
ကျိုးကျင်းဇယ်က ဆိုင်ပိုင်ရှင်အမျိုးသမီးကြီးနားတွင် ရပ်နေဆဲဖြစ်၍
"ဖက်ထုပ် နှစ်ပွဲ"
အမှာစာတင်ပြီးသည်နှင့် ရွှီဆွေ၏မျက်နှာချင်းဆိုင်နေရာ၌ ဝင်ထိုင်လိုက်ကာ အရိုးအဆစ်များထင်းရှင်းနေသည့်လက်တစ်စုံအား စားပွဲပေါ်သို့တင်လာပြီး ဘာတွေးနေမှန်းမသိ။ သူသည် အစကတည်းက စကားများများမပြောတတ်သည့်သူဖြစ်သလို ရွှီဆွေကလည်း စကားနည်းသည့်သူဖြစ်ရာ နှစ်ယောက်သားမှာ ကသိကအောက်နိုင်နေကြတော့သည်။
အမျိုးသမီးကြီးက အငွေ့တထောင်းထောင်းထနေသည့် ဖက်ထုပ် နှစ်ပန်းကန် နှင့်အတူ ပန်းကန်ပြားတစ်ပြားဖြင့် လက်ဖက်စိမ်ကြက်ဥ နှစ်လုံးကိုပါ စားပွဲပေါ်ချပေးလာ၏။
"ဆိုင်ပိတ်တော့မှာမလို့ မင်းတို့အတွက် လက်ဆောင်"
ကျိုးကျင်းဇယ်က ယဥ်ယဥ်ကျေးကျေးဖြင့်ပင် စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ဖက်ထုပ်ပွဲကြီးတစ်ပွဲက ရွှီဆွေ၏အရှေ့သို့ရောက်လာသည်နှင့် ဘေးနားတွင်ချထားသည့်ဘူးတစ်ဘူးကိုလှမ်းယူကာ ရှာလကာရည်များအား ပိုက်ဆံမပေးရတိုင်း အလကားလောင်းထည့်သလို ထည့်လိုက်လေသည်။ ဤအချင်းအရာကို မြင်နေရသည့် ကျိုးကျင်းဇယ်မှာ မျက်ခုံးပင် မြှောက်သွားရင်း
"အချဥ်တွေ အဲ့လောက်တောင်စားနိုင်တာလား"
"အရသာကို ညှိနေတာ"
YOU ARE READING
ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]
Romance--ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ--
Chapter 15
Start from the beginning