စန်းရန် ; [ ကိုယ် အခုတ​လော အားတဲ့အချိန်မရှိဘူး ]

ဝိန်းရိဖန်က စိတ်ရှည်လက်ရှည် စာပြန်ပို့လိုက်၏ ; [ ဒါဆို ခန့်မှန်း​ချေ ဘယ်အချိန်​လောက်အားနိုင်မလဲ ]

​နောက်တစ်စက္ကန့်တွင်။

စန်းရန်က အသံမက်​ဆေ့တစ်ခုကို ပို့လာခဲ့၏။ သူ့အသံမှာ ပျင်းတိပျင်းရွဲဖြင့်

"စ​နေ​နေ့ည"

စ​နေ​နေ့ည...

ဝိန်းရိဖန်က ​တွေးကြည့်လိုက်ပြီး​နောက်တွင်..

တနင်္ဂ​​နွေ​နေ့သည်ကား သူမ၏ပိတ်ရက်ပင်။

စ​နေ​နေ့ည၌ စန်းရန်ထံမှ ​သော့ပြန်ယူပြီး တနင်္ဂ​နွေ​နေ့တွင် အရင်အိမ်ခန်းပိုင်ရှင်အား သွားပြန်​​ပေးလိုက်ခြင်း - အစီအစဥ်က မဆိုး​ပေ။ အိမ်ခန်းပိုင်ရှင်ထံသို့ ရက်အနည်းငယ်​နောက်ကျမည့်အ​ကြောင်း ​ပြောပြလိုက်ရုံသာရှိပြီး အခြားပြဿနာမရှိ။

ဝိန်းရိဖန် ; [ အို​ကေ ]

ဝိန်းရိဖန် ; [ ဒါဆို 'Overtime' ဘားကို လာခဲ့ရမလား နင့်အိမ်နားကို လာခဲ့ရမလား ]

ဝိန်းရိဖန် ; [ နင့်ကို ငါရှိတဲ့​နေရာထိ တကူးတက လာပေးခိုင်းရမှာ အားနာလို့ပါ ]

မိနစ်ဝက်ခန့်မျှကြာသွားပြီး​နောက်တွင် စန်းရန်က အသံမက်​ဆေ့နှစ်ခုကို ထပ်ပြီးပို့လာခဲ့၏။

ဝိန်းရိဖန် ဖွင့်နား​ထောင်ကြည့်လိုက်၏။

စန်းရန်က တမျိုးတမည်မြည်​သောအဓိပ္ပါယ်မျိုးဖြင့် ရယ်​နေရင်း စကားလုံးနှစ်လုံးကို ​ပြောထွက်လာပါ​တော့​၏။

"ကိုယ့်အိမ်?"

"...."

ဝိန်းရိဖန်၏မျက်ခွံများ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရသည်။

ပထမအသံမက်​ဆေ့ အဆုံးတွင် ဒုတိယအသံမက်​ဆေ့က အလိုအ​လျောက် ပွင့်သွားခဲ့၏။

စန်းရန်၏ စကား ၊ ​လေသံအသိမ်းအယူအရ သူ့စကားလုံးများကြားတွင် ' မင်းရဲ့ဦးတည်ချက်ကြီးက အရမ်းသိသာလွန်း​နေပြီ ' ဟူ​သောဆိုလိုရင်းသ​ဘောက ကပ်ပါ​နေမှန်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းခံစား​နေမိကာ ထိုသူက ဤသို့တိုက်ရိုက်မ​ပြောရုံတမယ်ဖြင့်

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now