အပိုင်း(၁၀)Zawgyi

46 4 0
                                    

နောက်ဆုံးတော့ သာသာတို့ စာမေးပွဲဖြေဖို့ ၁ပတ်သာကျန်တော့သည်။ ကျောင်းသားတို့၏ ထုံးစံအတိုင်း စာမေးပွဲဆိုရင် ကြောက်နေကြပြီဖြစ်သည်။ ကျောင်းမှာ ဆရာမက ခုံနံပါတ်တွေလဲ ပြောပြပြီး ဖြေရမည့် အခန်းတွေကိုလဲ လိုက်ရှာခဲ့ပြီးပြီပင်။

သာသာအခုတလော စိတ်အခြေအနေမကောင်းပေ။ ကျူရှင်မှာဆိုလဲ ဧကရီက အရင်လို ပြုံးပြုံးရွှင်ရွှင်နဲ့ တက်ကြွမနေပဲ မှိုင်တွေတွေဖြစ်နေသည်။ ပြီးတော့ အစ်ကိုလဲ အဲလိုပဲ။ တစ်ခါတစ်လေ ကျောင်းမှာတိုက်ဆိုင်ပြီးတော့ ဆုံပေမယ့် အစ်ကိုက အရင်လို သာသာကို စကားမပြောပါ။ ပြီးတော့ မျက်နှာကလဲ တစ်ခုခုကို ပြောမထွက်သည့်ပုံစံဖြင့် မှိုင်နေပြန်၏။ ဧကရီနဲ့ အစ်ကိုဘာများဖြစ်နေကြတာလဲ သူတို့အိမ်မှာ တစ်ခုခုများဖြစ်နေကြလို့များလား

"သာသာ !!!"

"ဟမ် ဟင် ဘာလဲ လန့်လိုက်တာ ဖြေးဖြေးခေါ်ပါဟာ"

"ငါတို့လဲ ဖြေးဖြေးခေါ်နေတာပဲလေ နင်မှ မကြားတာ ဘာတွေအာရုံရောက်နေတာလဲ"

သာသာမလုံဖြစ်သွားရကာ

"အဟမ်း ဘာကိုအာရုံရောက်ရမှာလဲ စာကို အာရုံရောက်နေတာပေါ့ နင်တို့လို စကားများနေတာမှမဟုတ်တာ"

"ထားပါ နင့်ကိုပြောမလို့ အစ်ကိုဒီယံတို့ ဒီနှစ်စာမေးပွဲပြီးရင် ကျောင်းပြောင်းတော့မလို့တဲ့ အဲဒါကြောင့် နင်အခုတလောမျက်နှာမကောင်းဖြစ်နေတာလား"

"ဟင် ဘာ ဘာ နင်ဘာပြောလိုက်တယ် အစ်ကိုက ကျောင်းပြောင်းမလို့ဟုတ်လား "

"အင်းလေ သူ့မိဘတွေ တခြားမြို့ကို ပြောင်းရွှေ့ကျလို့....ဟင် မဟုတ်မှ နင်မသိသေးဘူးလား အာ ငါတို့က နင်သိပြီးပြီထင်နေတာ"

မြတ်နဲ့လှိုင်းက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငါတို့တော့ စကားမှားသွားပြီဆိုသည့် ပုံစံဖြင့် ကြည့်နေကြသည်။

သူတို့အကုန်သိနေကြပြီး သာသာပဲ မသိတာလား ဘာလို့လဲ သာသာက အစ်ကို့အတွက်အရေးမပါလို့လား ဂရုစိုက်စရာမလိုလို့လား စိတ်ရှုပ်စရာကောင်းလို့လား။ သာသာ အမြန်ပင် ခုံပေါ်မှထကာ အခန်းပြင်ထွက်ဖို့ပြင်လိုက်သည်။

နှလုံးသားထဲက မြတ်နိုးရသူ (Completed)Where stories live. Discover now