အပိုင်း(၃)Unicode

1K 21 0
                                    

"ကဲ နှစ်ယောက်တစ်တွဲစီ သေသေချာချာလေး တစ်တွဲချင်းစီ ညီညီညာညာလျှောက်မယ်နော်"

သာသာတို့ကျောင်းသားတွေအားလုံး အရှေ့က အမပြောတဲ့အတိုင်း လေ့ကျင့်နေကြရသည်။ ဒီအပတ်နှစ်ပတ် စနေတနင်္ဂနွေတိုင်း သာသာတို့အဖွဲ့တွေ ဆက်တိုက်လေ့ကျင့်ကြရမယ်သာ။ သာသာ နဲ့ ပြည့်စုံအောင်က ကြိုဆိုရမည့်ထဲ ထိပ်ဆုံးကမို့ အရှေ့ကို လျှောက်နေရင်း အနောက်ကို လှည့်ကြည့်ချင်နေသည့် စိတ်ကိုလည်း အတော်လေး ထိန်းချုပ်ထားရသည်။

သာသာလည်း သူနဲ့ကျတော့မှဘာတွေဖြစ်‌လို့ဖြစ်နေမှန်းမသိ။ ကျောင်းစတက်ထဲက၃လလုံး သာသာကို ကြိုက်တဲ့သူမှန်သမျှငြင်းခဲ့ပြီးတော့ အခုသူ့ကျတော့ သာသာတို့ စကားတောင်သိပ်ပြောဖူးတာမဟုတ်ပဲနဲ့လေ။ ဒီနေ့ သူ့ကိုတွေ့လိုက်တော့ ရင်ထဲ လှိုက်ခနဲဖြစ်သွားတာက ပျော်သွားတဲ့ခံစားချက်လား။ အဲလိုဆိုရင်ရော သာသာကဘာလိုပျော်ရတာလဲ ဘာသက်ဆိုင်မှုများရှိလို့လဲ။ ဟူး လမ်းလေးလျှောက်နေရရုံနဲ့ မောလိုက်တာနော်

"ဟုတ်ပြီ ဟုတ်ပြီ တော်ကြတယ် အားလုံး အဲလိုအမပြောတဲ့အတိုင်း လုပ်မယ်နော် အဲတိုင်းဆို လူကြီးတွေလဲ သဘောကျလောက်မှာပါ"

အဲဒီလူကြီး ဆိုတဲ့သူတွေက ခဏလေးလာမှာကို သာသာတို့မှာတော့ ကျောင်းပိတ်ရက်လေးကို မနားရပဲ ကြိုးစားပမ်းစားလေ့ကျင့်နေရသည်။

"ကဲ အဲဆို ဒီနေ့ကတော့ ဒီလောက်ပဲ မနက်ဖြန်မှ ပြန်တွေ့ကြမယ်နော် ပြောရမယ့် စကားတွေကို လည်းသေချာလေးမှတ်ထားကြဦးနော်"

"ဟုတ်ကဲ့ပါ"

အားလုံးက ဟောခန်းထဲမှ အသီးသီးထွက်ကုန်ကြပြီပင်။

"မနေခြည် အိမ်ကလာကြိုမှာလာဗျ"

ကိုကြီးက လာကြိုမကြို မသိပေမယ့်

"အင်း ဟုတ်တယ်လာကြိုမှာ မောင်လေးရော "

"သြော် ကျွန်တော်က ဆိုင်ကယ်စီးလာတယ်ဗျ အဲကြောင့် မနေခြည် အိမ်က လာမကြိုရင် လိုက်ပို့ပေးမလို့လေ"

"အာ ရပါတယ် အစ်မကို လာကြိုမှာရယ်"

"ဟုတ် အဲဆို ကျွန်တော်သွားဦး‌မယ်နော် မနက်ဖြန်မှတွေ့မယ်"

နှလုံးသားထဲက မြတ်နိုးရသူ (Completed)Where stories live. Discover now