အပိုင်း(၁၆)Unicode

891 18 0
                                    

၅နှစ်ကျော်ကြာပြီးနောက်....

အချိန် နာရီ မိနစ် စက္ကန့်တွေတဖြည်းဖြည်းကုန်ဆုံးသွားပြီးနောက် သာသာပင်လေးနှစ်တာတက္ကသိုလ်ပြီးဆုံးသွားပြီ မဟာဆက်တက်ကာ နောက်လကုန်မှာ မဟာဘွဲ့ယူရတော့မည်ဖြစ်သည်။ ဘွဲ့ယူပြီးရင် သာသာ ဝါသနာပါသည့် ဝတ္ထုတွေကို ဖန်တီးရေးသားပေမည်။ မေမေနဲ့ဖေဖေကတော့ သာသာဘာလုပ်လုပ် ကန့်ကွက်ခြင်း မရှိခဲ့တာမလို့ သာသာလမ်းမှားကိုမရွေးသရွေ့ အမြဲ ထောက်ခံပေးကြသည်သာ။

အစ်ကိုလား အစ်ကိုကတော့ ဒီနှစ်တွေအတွင်းမှာ ဥပဒေဘွဲ့ယူပြီးတော့ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခုကို ထူထောင်နိုင်ခဲ့ပြီဖြစ်သည်။ ဒီနှစ်တွေအတွင်းမှာလဲ သာသာနဲ့အစ်ကို့ရဲ့ ဆက်ဆံရေးက သွေးအေးသွားတာမျိုးမရှိပဲ ပို၍ပို၍ပင် ချစ်မြတ်နိုးလာကြရပါသေးသည်။ ဒါပေမယ့် တိုးလာသည့်အထဲတွင် သာသာရဲ့ သဝန်တိုခြင်းတွေလဲအပါအဝင်ပင်။ အဲဒါကလဲ တစ်နှစ်ထက်တစ်နှစ် ခန့်ညားချောမောလာသည့် အစ်ကို့ရဲ့ ရုပ်ရည်ကြောင့်ဖြစ်လိမ့်မည်။

သာသာ အခုလဲ အစ်ကို့ကုမ္ပဏီအရှေ့တွင် ရပ်စောင့်နေခြင်းပင်။ သာသာလာမည်ကို မပြောထား၊ ရုံးဆင်းတာနဲ့ သာသာကို တွေ့ပြီး အံ့သြသွားစေချင်၍ပင်။

"ဒီး ဒီး"

"ဟင် ဖုန်းလာနေတာလား"

သာသာ အိတ်ထဲမှ တဒီးဒီးမြည်နေသည့် အသံကြောင့် ယူကြည့်လိုက်တော့ အစ်ကိုထံမှ ဖြစ်နေတာမို့ ပြုံးလိုက်မိသည်။

"ဟယ်လို အစ်ကို"

"အင်း သာသာ နေ့လည်ထမင်းစားပြီးပြီလား"

"မစားရသေးဘူး"

"မစားရသေးဘူး ထမင်းစားချိန်ရောက်နေပြီလေ ဘာလုပ်နေတာလဲ"

"အစ်ကို "

"ဗျာ"

ဆူချင်နေသည့်သူကို ခေါ်လိုက်တော့လဲ နူးညံ့စွာထူးလာပါ၏။

"သာသာ အခုဘယ်ရောက်နေတာလဲ မှန်းကြည့်"

"ထမင်းမစားသေးဘူးဆိုတော့ ကန်တင်းမှာ မဟုတ်လောက်ဘူး၊စာကြည့်တိုက်မှာလား"

"မဟုတ်ဘူး"

"အဲဆို အဆောင်မှာလား"

"အဆောင်မှာလဲမဟုတ်သေးဘူး"

နှလုံးသားထဲက မြတ်နိုးရသူ (Completed)Where stories live. Discover now