အပိုင်း(၈)Zawgyicode

28 4 0
                                    

“ဘာစားမလဲမှာလေ သာသာတို့ ညီမလေးတို့နှစ်ယောက်လဲမှာနော် အစ်ကို့ကို အားမနာနဲ့ အစ်ကိုက သာသာကို အရင်ထဲက ဝယ်ကျွေးမယ်လို့ သာသာကိုပြောထားတာ”

သာသာ အစ်ကို့ကို မျက်လုံးပြူးကာကြည့်လိုက်မိသည်။ဘယ်တုန်းကပြောထားလို့လဲဆိုသည့်သဘောဖြင့်။အစ်ကိုက သာသာကို မျက်လုံးတစ်ဖက်မှိတ်ကာ ပြုံးပြနေ၏။သာသာတို့သုံးယောက် ထမင်းစားပြီးထိုင်နေကြတုန်း အစ်ကိုက သာသာတို့အခန်းဆီကို မလာစဖူးရောက်လာကာ မုန့်ဝယ်ကျွေးမလို့ သူငယ်ချင်းကိုပါ ခေါ်ခဲ့ဆိုပြီး မုန့်ဈေးတန်းကိုခေါ်လာခဲ့ခြင်းပင်။

ချစ်လှစွာသောသူငယ်ချင်းနှစ်ယောက်ဆိုသည်မှာလဲ နောက်ကွယ်မှာသာ စုံနေအောင်ပြောတာ အခုကျ ရှိန်နေလိုက်ကြတာ သူတို့နှစ်ယောက်အပြင်မရှိ။ သာသာ နေ့လည်ထမင်းစားပြီးချိန်ဆို ဘာမှမစားနိုင်တာမို့ ပုံမှန်အတိုင်း အအေးသာမှာလိုက်ကြသည်။

"သံပရာပဲ သောက်ကြမှာမလား"

"အင်း"

"အစ်ကိုရော ဘာမှာမလဲ"

"အစ်ကိုလဲ သာသာတို့နဲ့အတူပဲမှာလိုက်လေ"

သာသာပဲ ဦးဆောင်မှာလိုက်ပြီးနောက် အစ်ကို့ကိုအနွေးထည်ပေးဖို့သတိရလာ‌တာကြောင့် ‌စားပွဲပေါ်တင်ထားတဲ့ အိတ်အဖြူလေးကို အစ်ကို့ဆီကမ်းပေးလိုက်၏။

"ဟို အဲနေ့က အစ်ကိုငှားပေးခဲ့တဲ့အနွေးထည် သာသာသေချာပြန်လျှော်ပေးခဲ့တယ် ရွာမှာတုန်းက မပေးဖြစ်လို့"

"ပြန်မပေးလည်း ရပါတယ် အပင်ပန်းခံလို့"

"မပင်ပန်းပါဘူး အဲနေ့ကကျေးဇူးတင်တယ် သိလား သာသာအနွေးထည်ထုတ်ဖို့မေ့ခဲ့တော့ တော်တော်အေးနေတာ"

"အစ်ကို သတိထားမိသားပဲ လက်ကလေးပိုက်ပြီးအိပ်နေတာကို အဲကြောင့် အစ်ကို့အနွေးထည်ငှားပေးခဲ့တာ"

"ဟီး"

အစ်ကိုက ဘာစိတ်ကူးပေါက်ပြီးမုန့်ဝယ်ကျွေးတာလဲမသိပေမယ့် သာသာကတော့ပျော်တာပေါ့။ ပြီးတော့ မြတ်နဲ့လှိုင်းလဲ အစ်ကိုနဲ့ သေချာပြောဖူးသွားကြပြီဖြစ်သည်။စကားပြောရင်းနဲ့ သာသာလွဲခဲ့တာကို ဆေးထိုးပြီး အစ်ကိုကို ပြောသေးတာ

နှလုံးသားထဲက မြတ်နိုးရသူ (Completed)Donde viven las historias. Descúbrelo ahora