"အမေ စျေးစာရင်းကစုံပါပြီနော်။ကျုပ်တစ်ခါပြန်မလှည့်နိုင်ဘူး။သေချာစစ်ပေးပါဦး။"
"ဘယ်လိုဖြစ် အမေစားချင်တာကြိုက်တာသမီးနန်းသိတယ်။ညကတည်းကလာမေးတာ အမလေးချစ်စရာကောင်းတယ်အမေ့ချွေးမလေးကသိလား။"
စတိုင်ပန်အင်္ကျီနှင့်ဘောင်းဘီဝတ်ကာ ဦးထုပ်ကိုလည်းဆောင်းထား၏။ဆံပင်ကိုစုစည်း၍ ထုံးဖွဲ့ကာ ဦးထုပ်နှင့်ဖိဆောင်းထားသည်။မသိသူကြည့်လျှင် ယောက်ျားချောတစ်ဦးပမာ။ခန့်ညားသည်ကား အဖေတူသမီးဖြစ်မည်။
"အခုထိမဆင်းလာသေးဘူးနော်။ဘာလုပ်နေလဲမသိဘူး"
"မိန်းကလေးပဲ့အေ။ ပြင်ဆင်မှာပေါ့။ကိုမောင် အလုပ်မသွားသေးဘူးလား။"
ထိုင်ခုံတွင် သတင်းစာဖတ်နေသော ဦးဒင်းမောင်က ခေါင်းခါပြသည်။"ကျုပ်ကရောမိန်းကလေးမဟုတ်လို့လားအမေ"
"မယုံဘူး။သွား ထဘီသွားဝတ်ပြ"
"ဟာ အမေကလည်း။ကျုပ်မှထဘီမဝတတ်တာလေ။ဘာဆိုင်လို့လဲ"
"ဒါများနော်။"
"မေမေတင် နန်းမေကိုကြည့်ပေးပါဦး။အဆင်ပြေရဲ့လား"
လှေခါးထက်မှဘယ်အချိန်မှန်းမသိဆင်းလာသောမနန်းမေ။
ရှမ်းဝတ်စုံများကိုသာဝတ်ဆင်သည့် မနန်းမေဟာ ဒီနေ့ဗမာဝတ်စုံနှင့်ပင်။ဒီအချက်ကတော့မထူးခြားပေ။မောင်မောင့်ကိုမင်သက်စေသည့်အချက်ကား။"လှလိုက်တာကွယ်။ ဆံပင်လေးချထားတော့ ပိုလို့တောင်လူငယ်ဆန်သွားတယ်"
အမှန်ပင်။ထုံးဖွဲ့နေကျဆံထုံးကပျောက်။ဆံပင်များဖြည်ချထားသည်။ပုဝါအဖြူလေးကိုဆံပင်အနောက်လျှို၍ တစ်ဝက်ပေါ်စည်းနှောင်ထားသည်။ဒါကတော့အလှနှင့်ချစ်စရာတို့ရောယှက်နေတာမျိုး။
"မြောက်နေပြန်တယ်မေမေတင်ရယ်"
"အမှန်လှနေလို့ပါကွယ်။ကဲ့စျေးနောက်ကျရင်ပစ္စည်းတွေကသူများနှိမ့်ဖိပြီးသားဟာတွေဖြစ်နေမယ်။သွားကြတော့ကွယ်"
"ကျုပ်တို့သွားပြီ"
"အေးကွယ်"
နှစ်ယောက်သားကားရှိရာ အိမ်ဆင်ဝင်းသို့ထွက်လာကြသည်။အလိုက်သိစွာမနန်းမေထိုင်သည့်ဖက်ကိုတံခါးဖွင့်ပေးလိုက်၏။ပြုံးလိုက်သည့်မနန်းမေကိုအတိုင်းသားတွေ့လိုက်ရသည်။
YOU ARE READING
ပန်းမကင်း
Action"မောင်မောင့်ကိုနန်းမေချစ်မိပြီနဲ့တူပါတယ်လေ။" မနန်းမေ+ရှင်းခမောင်မောင် မလွှဲသွေတဲ့အခြေနေလေးတစ်ခုကြောင့်လက်ထပ်လိုက်ရတဲ့အမျိုးသမီးနှစ်ဦးပင်။ (ကိုလိုနီခေတ်နှောင်းပိုင်းကပုံစံလေးရေးထားပါတယ်) U+Z