အခန်း{၂}

211 25 0
                                    

ခရီးအဆင့်အဆင့်ဖြတ်ကျော်ပြီး၍ ရှမ်းပြည့်သို့စတင်အခြေချမိပြီ။အေးမြတဲ့ရာသီကိုအပိုင်စားရထားသည့်နယ်မြေ။စကားဝဲဝဲလေးတွေနှင့်ချစ်စရာကြွယ်သည့်နယ်မြေ။လူယုံကိုသိန်းမောင် မောင်းသောကားပေါ်မှဆင်းလိုက်သည်။

စတိုင်လ်ပန်နှင့်နောက်တိုင်းဝတ်စုံ ၊ကတ်အုပ်ထုပ်လေးနှင့်မှုတ်ဆိတ်မွှေးယေးယေးလေးတပ်ထားသော ရှင်းခမောင်မောင်ဟာ ထိုခေတ်အခါ၏ လူငယ်ယောက်ျားချောတစ်ယောက်လိုနှယ်။ထိုအပြင် မိန်းကလေးတစ်ယောက်၏အသံနှင့်မတူ ဩရှရှအသံလေးလည်းပိုင်ဆိုင်ထားသေးသည်။

ကားပေါ်မှဆင်းခြင်း ခြေအစုံရပ်၍ မ်က္လုံးမွိတ္ကာ ရှမ်းပြည်နယ်ရှိလေသန့်ကို အူထဲအသဲထဲအထိပင်ဝတကြီးရှူစိုက်မိလိုက်သည်။

*အဟမ်း*

ကိုသိန်းမောင်၏ချောင်းဟန့်သံ။

"သခင်လေးဗျ။ဆိုင်ထဲဝင်ကြရအောင် ကျွန်တော်တို့ရပ်နေတာကြာပေါ့"

ထိုအစီစဉ်ကိုသိပြီးတာနက်တစ်ပြိုင်တည်း ကိုသိန်းမောင်ဟာ အခေါ်ပါစပြောင်းထားသည်။ဒါလည်းကိုသိန်းမောင်၏ အလိုက်သိအားသာချက်။အခုဆို သခင်လေးဆိုတဲ့အခေါ်နှုတ်ကျိုးသွားချေပြီ။

"ကောင်းပြီ"

~တောင်ပေါ်သား~
လက်ဖက်ရည်ဆိုင်ကိုဝင်လိုက်သည်။ခုံခြေတို စားပွဲအပုလေးများနှင့်လက်ဖက်ရည်ဆိုင်ဟာ သာမာန်လူတန်းအထိပဲ့ထိုင်ဖူးသည်ထင်ပါ့။သန့်ပြန့်၍ ထင်လင်းနေသော ရှင်းခမောင်မောင်ဝင်လာသည်ကို တိတ်ဆိတ်ကာကြည့်နေကြတော့သည်။

အသင့်ရှိခုံတွင်ဝင်ထိုင်ကာ စားပွဲထိုးလာမည်ကိုစောင့်နေလိုက်သည်။
စားပွဲထိုးကောင်လေး၃ယောက်ဟာ သူ့ကိုလက်တို့ငါ့ကိုလက်တို့နဲ့ မလာရဲကြပေ။နောက်တော့ဆိုင်ရှင်ဖြစ်ဟန်တူသည့် ဦးလေးကြီးတစ်ယောက်အနားသို့ရောက်လာသည်။ ခါးအနည်းငယ်ညွှန့်၍။

"ဒီကလူလေးတို့ဘာများသုံးဆောင်ကြမလဲကွယ်"

"ကျုပ်ကိုလက်ဖက်ရည် အချိုပယ် တစ်ခွက်ပေးပါ"

ဦးလေးကြီးမှာ မျက်လုံးလေးကလယ်ကလယ်ဖြစ်သွားရှာသည်။

မြန်မာစကားကိုသိပ့်မနပ်ချင်ပြန်သည် ။နိုင်ငံခြားမှာငယ်စဉ်ကတည်းကပညာသင်ခဲ့သူအဖို့ပင်။

ပန်းမကင်းWhere stories live. Discover now