အခန်း {၃}

276 29 7
                                    

စားပွဲဝိုင်းအရှည်တွင်ထိုင်နေသည်မှာ ၁၅မိနစ်ခန့်ရှိတော့မည်။တိတ်ဆိတ်ငြိမ်သက်ခြင်းကအတိပင်။အစည်းအဝေးအခန်းလိုလိုဘာလိုလိုနှင့်ပင်။ဒုက္ခတော့တွေ့ရသားပဲ့။
ခဏအကြာတော့ စိုင်းဇိုင်ရာနှင့်အဖွားအိုတစ်ယောက်ဝင်လာသည်။အရှေ့ရှိခုံတန်းတွင်ထိုင်ကာ။

"အခုကတော့ လူငယ်လေးတို့ကို မေးခွန်းလေးတွေကို​ဖြေစေချင်တာပါ။မေးခွန်းလေးတွေဖြေကြပြီးရင်တော့ တစ်ဆင့်ကျန်ပါသေးတယ်ဒါပြီးရင်တော့ အိမ်ပြန်ရမယ်သူနဲ့ကျန်ရစ်ရမယ့်သူတို့ကတော့ နောက်ဆုံးအဆင့်မှာသိကြမှာပါ"

အိမ်ထောင်ရေးဗဟုသုတတွေမေးသည်။စာဖတ်ဝါဿနာပါသူအဖို့ကောင်းကောင်းတွေးခေါ်၍ဖြေဆိုနိုင်ခဲ့သည်။တစ်ခုတော့ တွေးမရသေးပေ။ဘာကြောင့်များ သူ့သမီးကိုပေးမတွေ့ကြပါလိမ့်။ဖွက်ထားမယ်ဆိုရင်လည်း ဘာကြောင့်များယောက်ျားပေးစားချင်သေးသလဲဟုတွေးမိသည်။

သည်လိုဖြင့်စာပေအပိုင်းလည်းပြီးစီး၍ တိုက်ခိုက်ရေးအပိုင်းလာတော့မည်ဖြစ်သည်။ညနေမြက်ခင်းကွင်း၌ လက်ရုံးရည်ဟုဆိုရမည်လော။ဓားတစ်ချောင်းဖြင့်တစ်ယောက်ချင်းတိုက်ရမည်တဲ့။တိုက်ခိုက်ရမည်ဆိုမှ ဟာကွက်တွေကိုဖော်ရုံသာပင်။မိမိကိုယ်ကိုယ်မနာကျင်အောင်ကာကွယ်ရမည့်သဘော။

"သခင်လေး"

"ပြော ကိုသိန်းမောင်"

"ဒါနောက်ဆုံးအခွင့်အရေးမို့ ပြီးရင်အိမ်ပြန်ကြရအောင်။သခင်ကြီးက အခုရက်လောက်ဆိုအိမ်ပြန်ရောက်ပြီး သိကုန်တော့မယ်ထင်တယ်ဗျ"

"အဲ့လိုပဲ့တွေးမိတယ် "

တစ်ချက်ဝှေ့တာနဲ့ဟန်ပန်ဆောင်ကာပစ်လှဲရမည်။ဒါမှအရွေးမခံရတော့မှာလေ။

အငယ်ဆုံးဖြစ်သည် ရှင်းခမောင်မောင်မှာအရင် တိုက်ရသည်။
၅ယောက်ထဲမှတစ်ယောက်ဖြစ်သည်။သူတို့ပေးသောဓားကိုယူကာ မြက်ခင်းပြင်မှထွက်လာတော့သည်။မြင်ရသည်ကား။ဟိုအမျိုးသမီး။သူဟာ စော်ဘွားကြီး၏ဘေး၌သိမ်သိမ်မွေ့မွေ့ကလေးထိုင်နေသည်။ ရှင်းခမောင်မောင်ကိုတွေ့သော် ကြည့်နေသည်။အဲ့အမျိုးသမီးကပုံမှန်ဖြစ်ပေမယ့် အံ့ဩနေသူမှာ ရှင်းခမောင်မောင်ပင်။

ပန်းမကင်းWhere stories live. Discover now