အခန်း{၄}

266 34 11
                                    

ရှင်းခမောင်မောင်နှင့်မနန်းမေတို့၏ မင်္ဂလာပွဲကို အထက်ပြည်တွင်သာမက အောက်ပြည်တွင်ပါကျင်းပကြသည်။နိုင်ငံခြားတွင်အနေများခဲ့သည့် ရှင်းခမောင်မောင်ကိုသိသူကရှား၏။ပြန်ရောက်တော့လည်း မိန်းမပါတန်းရတော့သည်။ယခုတော့ဖြင့် မနန်းမေအားခေါ်၍ မိမိ၏မွေးရပ်သို့ပြန်မည်ဖြစ်သည်။မနန်းမေ၏အဖေကတော့ သူ့သမီးကိုယုံကြည်စွာအပ်နှံပေးသည်။
။ထိုကြောင့်လည်း ဇနီးဖြစ်သူမနန်းမေနှင့်အောက်ပြည်သိုခရီးစခဲ့ရာ ခရီးပင်အတော်ကျိုးလှပြီ။

"မနန်းမေ ညောင်းညာနေရင်ကျုပ်ပုခုံးကိုမှီထားပါလား။
မနန်းမေကိုကြည့်ရတာမသက်သာလို့။မှီထားလှည့်ပါလား။"

"အင်း တကယ်ပင်ပန်းနေတော့မငြင်းတော့ပါဘူး။ နန်းမေမှီမယ်နော်"

ခမ်နွမ်းနွမ်းလေးဖြင့်အသံလေးဖျော့ကာ ဆိုလိုက်တဲ့မနန်းမေ။ကိုယ်အနေထားကိုပြင်၍ မိမိပုခုံး၌မှီစေသည်။ကားဆရာ ကိုသိန်းမောင်ကတော့မျက်စိရှက်လှည့်တော့။

တစ်ဦးတည်းသောသမီးမို့ထင်ပါ့။ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားရှိသောကြောင့်။ဖြူနုကာပြည့်ပြည့်ကလေးနှင့်လှတယ်။ယဉ်တယ်။သိမ်မွေ့တယ်။
ရှမ်းအနွယ်ဝင်စုကလေးကို အကြေသူကျုပ်ကရရှိခဲ့ပါတယ်လေ။

မနန်းမေက ကားမူးတတ်သည်ပြောသောကြောင့် ကားမှန်ကိုချထားပေးသည်။မှန်ချ၍လေဝင်တာကို မကြိုက်ပေမယ့်ပေါ့။အောက်ပြည်၏ လေခပ်ပြင်းပြင်းကြောင့် ပုဝါကိုဖြည်ချကာ မနန်းမေကိုယ်အပေါ်သို့ ခြုံစေသည်။

"ကိုသိန်းမောင်"

"ဟုတ်ကဲ့ သခင်မ"

"အလောမကြီးဘဲကားကိုဖြည်းဖြည်းမောင်းပေး။
လမ်းကြမ်းတော့ဖုန်ထူတယ်။မှန်ကချထားတော့ အနှေးနဲ့အမြန်ဖှုန်ကဝင်လိမ့်မယ်"

"ဟုတ်ကဲ့ သခင်မ။ကျွန်တော်ဖြည်းဖြည်းပဲ့မောင်းပါ့မယ်"

သူ့မိန်းမ အိပ့်ရမသက်သာမှာကိုထည့်မပြော။ဝေ့ဝိုက်ကာ ကတ္တရာလမ်းကိုဖှုန်ဝင်မြည်ဟုဆို။တယ်လည်း တတ်တဲ့ကျွန်တော့်သခင်မ။

ကိုသိန်းမောင်ကိုပြောသာပြောရတာ အကင်းပါးသည့်ကိုသိန်းမောင်ကသိရောပေါ့။

ပန်းမကင်းWhere stories live. Discover now