အွန်းပါ သူငယ်ချင်းအရင်းကြီးရဲ့ပွဲမို့လို့ မေမေခွင့်ပြုပေးလိုက်မယ်.... ဒါပေမယ့်
မေမေ့ ကလေးလေးက ဘယ်လိုပဲ ယောကျာ်း ဆန်ဆန်နေတယ်ဆိုဆို မေမေ့တို့အတွက်ကသမီးလေးတယောက်ပဲမို့ မေမေစိတ်မချတော့ဖြစ်မိတယ်.....

စိတ်ချပါမေမေရဲ့ သားမေမေမကြိုက်တာ ဘာတခုမှမလုပ်ဘူး မေမေတို့ဖေဖေ တို့ ယုံကြည်စိတ်ချရတဲ့ သမီးအလိမ္မာလေး မို့
စိတ်မပူနဲ့နော် မေမေ.. ။

ဟုတ်ပါပီရှင် အဲ့ဒီ့အပြောလေးတွေနဲ့ပဲ ဒီကအမေလုပ်သူက အချစ်တွေ ပိုနေရတာပါတော်......

မေမေက မိုးZ ပါးလေးကို ဖွဖွလေးလိမ်ဆွဲပီး
ချစ်စနိုးနဲ့ပြောတော့ မိုးZ မေမေ ပါးလေးကို ရွှတ်ခနဲ့တစ်ချက်နမ်းပီး 

မေမေ့ကို အရမ်းချစ်တယ်..

မေမေ အဲ့တာဆို သား မွေးနေ့ပွဲသွားဖို့
သွားပြင်ဆင်လိုက်ဦးမယ်....

အွန်း...မုန့်ဖိုးသုံးစရာရှိသေးရဲ့လား မွေးနေ့လက်ဆောင်ကလည်းပေးရမှာဆိုတော့ ..မေမေ မုန့်ဖိုးပေးလိုက်မယ်...

ရတယ်မေမေ သားမှာသုံးစရာရှိ​သေးတယ် မယူတော့ဘူး နောက် သားလိုတော့မှ ယူမယ်နော်မေမေ...

ဟုတ်ပါပီ....သွားဖို့ ပြင်ဆင်တော့ အဲ့တာဆိုလည်း....

ဟုတ်မေမေ..အော်....မေမေ
မောင်ပြန်လာရင်လည်း ပြောလိုက်ဦးနော်
ပြန်လာလို့ သားပြန်မရောက်သေးရင် စိတ်ပူနေမှာဆိုးလို့....

omm ပါ မေမေ ပြောလိုက်ပါ့မယ်... ။

🌫🌫🌫🌫🌫🌫🌫🌫🌫🌫

Ring....Ring....📲📲📲📲📲
မိုးZ ရေချိုးခန်းဝင်ဖို့ ပြင်နေတုန်း
ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့
ဝတ်ရည် ဆက်နေတာမို့ .....

ဝတ်ရည်မ ပြော...ဘာကိတ်

ဝတ်ရည်.....ဘာကိတ်လည်း ဆိုတော့....Butter Cake.

အဲ့ Butter Cake နင်ပဲစား..

ဝတ်ရည်....စားမှာ..စားမှာ ငါကိတ်မုန့်ကြိုက်တတ်တာ နင်သိသားနဲ့ ဟားဟား

ကဲ... ဒေါ်ဝတ်ရည် ဒီမှာ ငါရေချိုးမလို့ နင်ဖုန်းဆက်တဲ့ကိစ္စ ကို ဒီနေ့ပြောဖို့ရှိလား
မရှိရင် ငါဖုန်းချလိုက်တော့မယ်...

အနီရင့်ရောင် မိုးဆက်Where stories live. Discover now