"နီနီရဲရဲလေးနဲ့ ကိုကိုက ကျွန်တော်
စားနေကျ စတော်ဘယ်ရီလေးဖြစ်သွားပြီ ဟီးး"

"မင်းနော်"

"စားပစ်လိုက်ရမလား?"

"Kim Tae Hyung!!! မင်းဘယ်လိုဖြစ်"

"ကျွန်တော်ပြောပြမယ်။စားတယ်..."

နောက်ဆုံးတော့ Hoseok ပါးစပ်ကိုအတင်းဖိပိတ်ကာ တခြားနေရာဆွဲခေါ်သွားရတော့သည်။
ကိုယ့်လူအကြောင်းကိုယ်သာအသိဆုံး သူပြောချင်ရာတွေစွတ်ပြောပြီး ဘရိတ်မပါလို့ တန်းပြီးပိတ်လို့လည်းမရ။
မတော်တရော်တွေ ထွက်လာမှဖြင့်။

ခဏကြာတဲ့အထိ သတို့သားနှစ်ယောက်ကတော့မမြင်ရသေးပေ။

"Jin Hyung တို့ပြင်ဆင်နေကြတဲ့ဆီကိုသွားကြ
မလား"

Jimin က အနားရောက်လာပြီးပြောတာမို့ အားလုံးသဘောတူကာပြင်ဆင်နေကြတဲ့နေရာကို ထွက်လာလိုက်ကြသည်။

အခန်းထဲရောက်တော့ Nam Joon Hyung ကပြင်ဆင်လို့ပြီးသွားပြီဖြစ်သည်။
မိပ်ကပ်ပါးပါးလေးပဲ လိမ်းထားပြီး ဆံပင်ပြင်နေတုန်းဖြစ်သည့် Jin Hyung ကိုအနားကနေထိုင်
ကြည့်နေတာ မျက်တောင်, တောင်ခတ်ရဲ့လားမသိပါ။

"မျက်တောင်ခတ်ပါအုံးလား အကိုရယ် ရှင့်အစား ကျမ မျက်လုံးတွေတောင်ညောင်းလာတယ် တကယ်"

ပြင်ဆင်ပေးနေတဲ့ အစ်မဆီကထွက်လာတဲ့အသံဖြစ်သည်။

Nam Joon Hyung ပတ်ဝန်းကျင်ကိုမေ့နေတာ သူတို့ငါးယောက်စလုံးအခန်းထဲဝင်လာတာတောင်သတိမထားမိပေ။
အတော်လေးဖြစ်နေတာပဲ ဒီအစ်ကိုကြီး!!

နှစ်ယောက်စလုံး suit အဖြူဆင်တူနဲ့ဖြစ်ကာ ဒီဇိုင်းတော့ အနည်းငယ်ကွဲသည်။
Nam Joon Hyung ငေးကြည့်နေတာကိုလည်း အပြစ်ပြောလို့မရ Jin Hyung ကဘာမှမလုပ်ပဲဒီအတိုင်းထိုင်နေရင်တောင် ချောတဲ့သူ။
ခုလိုပြင်ဆင်ထားတဲ့အပြင် မကြာခင်အချိန်အတွင်း တရားဝင်ပိုင်ဆိုင်ရပြီမို့ သူအပျော်ဆုံးဖြစ်နေမှာ
အသေအချာ။

ဓာတ်ပုံဆရာရောက်လာတော့ ဓာတ်ပုံအတူတူရိုက်ကြရင်း အချိန်ကောင်းတစ်ခုကို
ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖြစ်ကြသည်။
သတို့သားနှစ်ယောက်နည်းတူ သူတို့တွေအကုန်လုံး
လည်းမျှော်လင့်နေခဲ့ရတဲ့ လက်ထပ်ပွဲမို့။
ချစ်ခဲ့ကြတဲ့အချိန်တွေလည်း ကာလတစ်ခုကိုရောက်နေပြီဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြမှန်းသိတာမို့ ပေါင်းဖက်ကြတဲ့အချိန် အားလုံးရဲ့စိတ်ထဲ ဂုဏ်ယူရသလို ရင်ထဲပျော်ရွှင်ကြည်နူး
ရတဲ့ အခိုက်အတန့်ပင်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now