ညနေဘက်ရောက်တော့ အဝတ်အစားလဲပြီးပြင်ဆင်ကြကာ ရေထဲဆင်းဖို့အတွက် ကမ်းခြေဆင်းကြသည်။

ကျောက်တုံးတွေဘက် နဲ့ကမ်းခြေနားမှာ Jin Hyung နဲ့ Nam Joon Hyung ကအပြန်အလှန်တစ်ယောက်တစ်လှည့်ဓာတ်ပုံရိုက်နေကြသည်။

"Joon ဒီပုံကိုကြည့်လိုက်။အဆုံးမရှိတဲ့ ပင်လယ်ကြီးနဲ့ ကောင်းကင်ကိုမြင်တယ်မလား"

"ဟုတ်ကဲ့"

"သူတို့လိုပဲ မင်းကိုချစ်တဲ့ငါ့အချစ်တွေကလည်း
အဆုံးမရှိဘူး။"

"ဟာဗျာ "

ရိုးရိုးအေးအေး သဘာဝကြီးကို Kim Seok Jin တို့ကဒီလိုမျိုးချစ်ပြတာဖြစ်သည်။
ဘယ်မှာလဲ အမြဲတမ်းကြောက်နေရတယ်လို့ ဘယ်သူပြောလဲ။
အခုအချိန်ခေါ်ပြီးပြလိုက်ချင်ပါရဲ့ Kim Nam Joon တို့ အချစ်ခံနေပုံကို။

"ဒီအနေအထားလေးဆို တော်တော်မိုက်နေပြီ။"

ချပ်!!

"Hyung က ကျွန်တော်ချစ်သူဖြစ်နေလို့လားမသိဘူး။ဘယ်လိုပဲ ရိုက်ရိုက်အရမ်းချောနေတယ်။"

"ငတုံး!! ချစ်သူမဟုတ်ဘူး သတို့သားလောင်း"

"ဟားးဟုတ်ပါတယ်ဗျာ"

IQ တွေဘယ်လောက်ပဲမြင့်မြင့် ချစ်သူနဲ့တွေ့ရင် Kim Nam Joon တို့လည်း ငတုံးခေါ်ခံရတာပင်။

>>>>>>>>>>
"ပုံစံဖျက်သွားမယ် ဖြည်းဖြည်း"

"သိပါတယ် ကိုကိုကလည်း"

"ခုနကအိမ်ကိုလည်း မင်းလက်နဲ့တိုက်မိပြီးတော့ ပျက်ဆီးသွားတာပဲလေ"

"အဲ့တော့ မချစ်ဘူးလား"

"ဟမ် !!ဘာဆိုင်လို့လဲ"

"ဖြေမှာသာဖြေပါ မချစ်ဘူးလားလို့"

"ချစ်..ချစ်တာတော့ချစ်တာပေါ့"

"ဟီးးကျွန်တော်ကပိုချစ်တာ "

ရွှတ်!!

"ဟော နမ်းလိုက်မိပြီ ဆောရီးပါဗျာ"

သဲတွေပေါ်မှာ ဆော့နေကြတဲ့နှစ်ယောက်ဆီကထွက်လာတဲ့အသံတွေဖြစ်သည်။
ခမ်လှမ်းလှမ်းကနေ Jungkook လှမ်းကြည့်နေရင်း
မျက်လုံးထဲကန့်လန့်တွေဖြစ်လာရသည်။
ဒီကောင် ပါးလေးနမ်းလိုက် သဲတွေဆော့လိုက်နှင့်
အတော်လေးအဆင်ပြေနေပုံရပါသည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now