အေးလိုက်တဲ့ ရေဆိုတာလည်း ရေခဲရေကတောင် ပထွေး ခေါ်ရလောက်သည်။ လမင်းတို့အိမ်သည် ရေချိုးသန့်စင်ခန်း တွဲလျက်မျိုးမဟုတ်ပဲ ရိုးရိုးပင် အနောက် ခြံကွက်လပ်၌ အကာအရံလေးနှင့် ကျောက်စည် တစ်လုံးချထားသည်မို့
ဆောင်းတွင်းဝင်လာသည်ကတစ်ကြောင်းမို့ ရေက ခဲမတက် အေးလှ၏။ 

သွားတိုက်ရန် ရေငုံလိုက်စဉ် သွားများမက ခံတွင်းတစ်ခုလုံး ကျဉ်ခဲသွားရတာမို့  အမြန် သွားတိုက် သန့်စင်ခြင်း ပြုလုပ်ကာ
အိမ်ပေါ် ပြေးတက်လာလိုက်၏။

*သူ့ အသေးလေး ဘယ်လိုသတ္တိနဲ့များ ဒီလိုရေကို သုံးနိုင်သလဲနော်*

ခန့်စေ တစ်ခါတည်း မီးဖိုချောင် တံခါး ချက်တွေနှင့် တစ်အိမ်လုံးရှိ တံခါး ချက်များကို သေချာ စစ်ပြီးမှ အခန်းထဲ ဝင်လာတော့
သူ့အသေးလေးက မုယောလက်ဖက် တစ်ခွက်ကို တဖူးဖူးမှုတ်ကာ
ကုတင်ပေါ်တွင် ထိုင်နေ၏။

လက်တွင် ရေစက်တို့ အနည်းငယ် တင်ကျန်နေသေးတာမို့ ထိုရေစက်တို့ဖြင့် မျက်နှာအနား တောက်ခါလိုက်ပြန်တော့....

" မောင်နော်! အေးပါတယ် ဆိုနေမှပဲ "


တခြား ကြင်စမောင်နှံတွေလိုတော့ romance ဆန်ဆန်
နှစ်ယောက်အိပ် ကုတင်ဆိုတာ  ခန့်စေတို့အတွက် မရှိပါ။

ဦးလေးဖြစ်သူက သူ့အိမ်မှာ အိပ်ဖို့ တိုက်တွန်းပေမယ့် ခန့်စေတို့ မအိပ်ဖြစ်ကြပါ။
လမင်း ငယ်ငယ်ကတည်းက အိပ်လာတဲ့ တစ်ယောက်အိပ် ကုတင်လေးမှာ နှစ်ဦးအတူတူ အိပ်ရတာဟာလည်း သူ့အတွက် နိဗ္ဗာန်လိုပါပဲ။ 

လုပ်ငန်းစုနှင့် ဝန်ထမ်းများစွာကို အုပ်ချုပ်နေရတဲ့ လုပ်ငန်းရှင်ပင် ဖြစ်နေပါစေ တစ်ခါတစ်လေ သူ အဲ့ဒီအရာတွေကို ခဏတစ်ဖြုတ်လောက် ခေါက်ထားပြီး သူ့ရဲ့ လမင်းနဲ့သာ ပကာသနကင်းတဲ့ ဒီလိုနေရာလေးမှာ ရိုးရှင်းစွာ အတူတူဖြတ်သန်းချင်လှသည်။

ဘဝထဲကို ဒီလူသားလေးရောက်လာပြီဆိုမှတော့ သူ ဒီလူသားလေးကို အစစအရာရာ တင့်တယ်စွာထားနိုင်ဖို့
အများကြီး ကြိုးစားရအုန်းမှာမို့၊ တစ်ချိန်ချိန်မှာ ကံကောင်းရင်ဖြင့်
ကိုယ်ပိုင်မိသားစုလေးသာ သူတို့နှစ်ဦး ဖန်တီးခွင့်ရခဲ့ရင် ဆိုတဲ့
မျှောိလင့်ချက် မှိန်မှိန်လေးဟာလည်း စဉ်းစားမိတိုင်း ရင်ထဲမှာ သိမ့်ခနဲ နွေးခနဲမို့ ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now