' မင်းသမီး က ကျနော့်ကို ရှောင်ချင်လို့ ကုန်းပေါ်တက်လာတာလေ။ အဲ့ဒါ ... မင်းသမီး ကို မျက်စိအောက်က အပျောက်မခံချင်တဲ့ ကျနော်က လိုက်လာရပြီပေါ့။'

မုလုံ ရဲ့ စကားကြောင့် ရှဲန့်မု မျက်နှာတွေ နီ ပြီး ယွီ့ကျင်း ကို ဖျတ်ခနဲ လှည့်ကြည့်ရင်း ...

' ငါ ဒီတစ်ခေါက် ကုန်းပေါ် တက်လာတာ ရှောင်း ကို လာရှာတယ်ဆိုတာ ပါး လည်း သိတယ်။ မင်းဘာသာ ကုန်းပေါ် တက်လာချင်တာနဲ့ ငါ့ကို အကြောင်းပြချက် ရှာစရာ မလိုပါဘူး။'

' ကျနော် တစ်ခါမှ ကုန်းပေါ်မှာ အကြောင်းမရှိပဲ မတက်လာချင်ဖူးဘူး။ အခုလည်း မင်းသမီး ရှိတဲ့ နေရာ ရောက်လာတယ်ဆိုတာ မင်းသမီး ကို ကာကွယ်ပေးရအောင်လို့ပါ။'

ယွီ့ကျင်း သူ့ကိုယ်သူ ဘာဖြစ်ချင်နေမှန်း မသိပဲ စကားကြီး စကားကျယ် လာပြောနေတဲ့ တစ်ယောက်ကြောင့် နားထဲကို လက်သန်းနဲ့ ထိုးကလော် လိုက်ပြီး ...

' သူ့ကို ကာကွယ်ပေးချင်တယ်ဆိုရင် မင်း ရဲ့ အခုနည်းလမ်းကို အရင် ပြင်ရလိမ့်မယ် ...။'

ယွီ့ကျင်း ဘာလို့လဲ ဆိုတဲ့ အမေး မျက်နှာနဲ့ ဟိုတစ်ယောက်ကြောင့် ဆက်ပြောလိုက်သည်။

' ဘာလို့ဆို ... မင်းသမီး နဲ့ ရှောင်း က အခုဆို သာမန် လူပဲလေ။ မင်း ရောက်လာပြီး အနားကနေ ဘော်ဒီကတ် လာလုပ်မှ လူတွေ သတိထားမိလာကြမှာ။ အဲ့ကနေ မင်းတို့ အကြောင်းတွေ စိတ်ဝင်စားလာကြလိမ့်မယ် ...။'

မုလုံ လည်း လူသား မိန်းကလေးရဲ့ စကားကြောင့် မင်းသမီးကို ကြည့်လိုက်တော့ လူသား မိန်းကလေးရဲ့ စကားကို ထောက်ခံနေတဲ့ မျက်နှာ ဖြစ်နေသည်။

ရှောင်းကျန့် ကို လှည့်ကြည့်လည်း မင်းသမီး လို မျက်နှာနဲ့ လူသား မိန်းကလေး ရဲ့ စကားကို ထောက်ခံနေတယ်။

မုလုံ သူ့ဘက်မှာ ဘယ်သူမှ မရှိတာကြောင့် မျက်နှာတွေ နီပြီး အရှက်ရသွားသည်။

ဒါပေမယ့် သူများ စားပွဲဝိုင်းမှာ ဝင်ထိုင်ပြီးနေမှတော့ ဒီတိုင်းလည်း ပြန် ထ မသွားချင်ပါ။

' ဘယ်လို ဖြစ်ဖြစ်လေ ...။ မဟုတ်လည်း ကျနော်က မင်းသမီးကို ကာကွယ်ပေးရမယ့် တာဝန် က ရှိနေပြီးသားပဲ။'

What's wrong? ( Completed )Where stories live. Discover now