မုလုံ သူ့ကို မြင်တာနဲ့ အံ့ဩနေကြတဲ့ မင်းသမီး နဲ့ ရှောင်းကျန့် ကို အမြင်ကပ်စရာကောင်းတဲ့ အပြုံးမျိုး တစ်ချက် ပြုံးပြလိုက်ရင်း မင်းသမီး ထိုင်တဲ့ ဘက်မှာ ဝင်ထိုင်ဖို့ ပြင်သည်။

ထိုစဉ် မထင်မှတ်ထားတဲ့ လူ တစ်ယောက်က သူ့ထက် အရင် မင်းသမီး နားက နေရာမှာ ဝင်ထိုင်သွားခဲ့ပြီ။

' ဆောရီး ... ဒီနေရာက ငါ့ နေရာ။'

' မင်း က ????.'

ယွီ့ကျင်း သူ့ကို မျက်လုံးသေနဲ့ ကြည့်ရင်း မေးလာတဲ့ လူ ကို ပြုံးတယ်ဆိုရုံ ပြုံးပြလိုက်ပြီး ...

' ငါက ရှောင်း နဲ့ ရှဲန့်မု အကြောင်းကို သိတဲ့ လူ လေ ...။'

မုလုံ အနားမှာ ရပ်နေတဲ့ သူ့လူ ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ့လူကလည်း သခင်က တစ်ချက် လှမ်းကြည့်တာနဲ့ ဘာပြောချင်တယ်ဆိုတာ နားလည်တာကြောင့် နား နားကပ်လာပြီး တိုးတိုးပြောလိုက်သည်။

' တရုတ်ပြည်က တော်ဝင် မျိုးနွယ်စု နှစ်စုပဲ ကျန်တဲ့ အထဲက မု မျိုးနွယ်ဝင်။ နာမည်က မုယွီ့ကျင်း ...။'

မုလုံ သူ့ကို မကြောက်ပဲ ခပ်တည်တည် မျက်နှာထားနဲ့ တစ်ယောက် ကို ထပ်စိုက်ကြည့်ပြီး သူ ထိုင်ချင်တဲ့ နေရာမှာ မထိုင်ရမှတော့ ကျန်တဲ့ ရှောင်းကျန့် ရဲ့ အနားမှာ ဝင်ထိုင်လိုက်သည်။

' တော်ဝင် မျိုးနွယ်တွေ ဘာတွေ ထားတော့ ...။ ဒါပေမယ့် မင်းသမီးရဲ့အကြောင်းကို တစ်ခြားလူတွေ သိသွားတာနဲ့ မင်း ကို စိတ်ဝင်စားလာရလိမ့်မယ်။'

' ယွီ့ကျင်း က အဲ့လို လူမျိုး မဟုတ်ဘူး။ သူ ပြောချင်ရင် ငါ သူ့အိမ်မှာ ပေါ်လာကတည်းက ပြောပြီးနေပြီ။ ပြီးတော့ သူ ဖိတ်ခေါ်တာ မဟုတ်ပဲ ငါ နဲ့ မင်းသမီး က သူ့အိမ်ကိုမှ ရွေးပြီး ပေါ်လာတာ။'

' ဟုတ်တယ်။ သူက မင်း ထင်နေသလို မဟုတ်ဘူး။ ပြီးတော့ မင်း က ကုန်းပေါ် ဘာလာလုပ်တာလဲ။ ပြီးတော့ ဘာလို့ ငါတို့ ရှိတဲ့ နေရာ လာရတာလဲ ...။'

ရှောင်းကျန့် နဲ့ မင်းသမီး က ကာကွယ်ပြီး မပြောပေးရင်တောင် သူ့ကို ကြောက်တဲ့ မျက်နှာ မတွေ့ရတဲ့ တစ်ယောက်ကို မုလုံ တစ်ချက် ထပ်ကြည့်ပြီး မင်းသမီးကို ပြန်ကြည့်ရင်း ...

What's wrong? ( Completed )Where stories live. Discover now