Story 6

310 14 1
                                    

Unicode
................

"ဒါနဲ့ ကိုကိုကြီး အိမ်ပြောင်းသွားတယ်ဆို... ဘယ်ကိုပြောင်းသွားတာလဲဟင်"

"........."

"အာ... ဟို ကိုကိုကြီးမပြောချင်လဲရပါတယ်။ ကျွန်တော်က ဒီတိုင်းမေးကြည့်တာပါဗျ"

"အင်း... ကိုယ်မပြောပြချင်လို့ မဟုတ်ပါဘူး။ အဆင်မပြေလို့ပါ"

"မဟုတ်တာ... ရပါတယ်ဗျ။ ကျွန်တော်က အပြင်လူပဲဉစ္စာ အစ်ကိုမပြောချင်လည်းရပါတယ်"

လွန်းဆွေး စကားတွေကို ဖာထေးပြောနေရသော်လည်း သူသိချင်တာ မသိရသေးလို့ ဘဝင်မကျခဲ့။ အေးချမ်းကလည်း သူမအစ်ကိုဘယ်မှာနေမှန်းမသိ။ သူမတင်မဟုတ်ဘူး... ကြည့်ရတာ တစ်အိမ်လုံးလည်းသိပုံမရ။

"သား.. ဒီနေ့ပါးတို့အိမ်မှာ အိပ်မှာလား"

ဦးရိပ် ခဏတွေးလိုက်ပြီး အိမ်ကကောင်လေးကို မြင်ယောင်လိုက်မိသည်။ ထိုကောင်လေးက သူမရှိလည်း အဆင်ပြေလောက်မည်ဟု တွေးလိုက်ပြီးနောက် ဖခင်ဖြစ်သူကျေနပ်စေရန် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကိုမိုးညိုကိုလည်း မနက်ဒီကိုပဲလာခေါ်ရန် စာပို့လိုက်တော့မည်ဟု ကြံလိုက်တော့သည်။

"ဟုတ်... သားဒီနေ့တော့ ဒီမှာပဲနေလိုက်တော့မယ်။ မနက်ကျမှ ကိုမိုးညိုကိုလာခေါ်ခိုင်းလိုက်တော့မယ်။"

"ကောင်းတယ်... အာ့ဆို အဲ့လိုပဲလုပ်လိုက်နော်"

"ဟုတ်ကဲ့...ဟင်းဟင်းဟင်း... ဒီနေ့တော့ မေမေနဲ့အတူအိပ်ရတော့မယ် ဝေ့"

ဟု ကလေးဆန်ဆန်ပြောလိုက်တော့ မင်းစစ်က မျက်ထောင့်နီကြီးဖြင့် ကြည့်ကာဦးရိပ်ကို မဲမာန်လိုက်တော့သည်။

"ညဉ့်ဦးရိပ်မာန်!!! မင်းဘာမှမဟုတ်တာတွေ ပြောမနေနဲ့။ ငါ့ယောက်ျားက ဘာကိစ္စမင်းနဲ့ အတူအိပ်ရမှာလဲ"

"ကျွန်တော်ကတော့ ရအောင်ကိုခေါ်အိပ်ဦးမှာ... ဒယ်ဒီအရမ်းတွေ ဖြစ်ပြနေလို့ကို အမြင်ကတ်ကတ်နဲ့ လုပ်ဦးမှာ... ဟုတ်တယ်မလား ရိပ်ရိပ်"

"ရက်စ်... "

"ဟာ ဟိုကောင်ငရိပ်... မင်းကပါ ဘာထဖြစ်တာလဲ။ ငဦးပြောတာကို အတို့အထောင်တွေဝင်လုပ်မနေနဲ့"

Twins' Love Season 2 (Completed)Where stories live. Discover now