"အေး... ခုမသိပေမဲ့ ကြာရင်သိတော့မှာလေ။ မဖြစ်သေးပါဘူး... ငါပါ ဒီအိမ်မှာ လာနေမှပါလေ"

"ကိုမိုးညိုက အဆင်ပြေလို့လား"

"ဘာလို့ မပြေရမှာလဲ... ပြေတယ် ပြေလွန်းလို့။ သခင်လေးကို ငါ့မျက်စိအောက်ကနေ သေချာစောင့်ကြည့်ရမယ်။ ဟိုအိုမီဂါ သခင်လေးကို မြူမစွယ်ရအောင်ကို စောင့်အိပ်ဦးမှာ"

လင်္ကာကို မကြားစေလောက်သော လေသံဖြင့် ပြောနေသော်လည်း သူကြားဖြစ်အောင်ကြားလိုက်ပါသည်။ ထို့ကြောင့် လင်္ကာတစ်ယောက် မျက်စောင်းတခဲခဲဖြင့် ထိုသူ့ကို စိတ်ထဲမှကျိန်ဆဲလိုက်တော့သည်။

*ဟွန့်... ငါကပဲ မြူစွယ်ရတယ်ဖြစ်သေး။ ဒင်းအကောင်ကျတော့ကော ငါ့ကိုမမြူစွယ်တာကျလို့*

"ကဲပါ... အစ်ကိုလာနေမယ်ဆိုလည်း နေပေါ့။ ခုတော့ ကျွန်တော်တို့ မနက်စာမစားရသေးဘူး။ အရင်စားပြီးမှ ဆက်ဆူတော့နော်"

"ပြီးရော... ကျွန်တော် သခင်လေးအတွက် ကြက်ကြော်ဝယ်လာတယ်။ သခင်လေး စားနေကျဆိုင်က menu အသစ်ထုတ်တာ အရမ်းရောင်းရလို့ ကျွန်တော်လည်းစားရအောင် ဝယ်လာတာ။"

ပြောရင်း တစ်လက်စတည်း ကြက်ကြော်ထုပ်ကို ဖြည်နေလေသည်။ ထိုအခါ လင်္ကာတစ်ယောက် ထိုကြက်ကြော်တုံးကိုကြည့်ပြီး အန်ချင်သလို ဖြစ်လို့လာသည်။

"အော့... အွန့်"

"ဟင်"

"ဟမ်... ဘာဖြစ်တာလဲ"

"ဘာ...ဘာမှမဖြစ်ဘူး။ "

ဘာမှမဖြစ်ဘူးသာဆိုတယ် ပါးစပ်ပိတ်ကာ ပြေးထွက်သွားသည့် လင်္ကာ၏နောက်ကျောကိုကြည့်ပြီး နှစ်ဦးသားကြောင်အနေကြလေသည်။

"သူဘာဖြစ်တာလဲ"

"မသိဘူးလေ"

"သခင်လေး!!! မသိလို့ရမလား။ သွားကြည့်ရမယ်လေ... ကျွန်တော်ထင်တာမျိုးတော့ မဟုတ်ဘူးမလား"

ဦးရိပ်လည်း ခေါင်းကို တဗျင်းဗျင်းကုတ်ကာ လင်္ကာနောက်သို့ လိုက်သွားလေသည်။ လင်္ကာကတော့ လေတွေချည်းအန်ချနေတာမို့ အရိပ်အကဲစောင့်ကြည့်လို့နေသည်။

"လင်္ကာ မင်းအဆင်ပြေလို့လား"

"ပြေတယ်... အဆာလွန်ပြီး လေခံသွားတာနေမယ်"

Twins' Love Season 2 (Completed)Where stories live. Discover now