001

1.1K 58 11
                                    

"လမ်းခွဲကြရအောင်"

"ဟမ် ရုတ်တရက်ကြီး?
အကြောင်းရင်းကဘာလဲ"

calming music အမည်ရတဲ့ playlistတစ်ခုကို ဖွင့်လှစ်ထားသည်ထင်ရသည်။ coffeeဆိုင်လေးရဲ့အဝင်ဝက radioပုံသဏ္ဌာန်boxလေးထဲကနေပြီး ပျံ့လွင့်လာတဲ့ စာသားမပါဝင်တဲ့သံစဉ်တစ်ချို့ကငြိမ့်ငြိမ့်ညောင်းညောင်း။

ဆောင်ဦးရောက်ပြီမို့အတော်အသင့်အအေးဓာတ်ရှိနေတဲ့ရာသီဥတုမှာ ကော်ဖီ ပူပူနွေးနွေးလေးနှစ်ခွက် က ထောင့်စွန်းဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်ရင်းစကားပြောနေကြသူတို့ နှစ်ယောက် ရဲ့စားပွဲပေါ်တွင်အသီးသီးနေရာယူထားလျက်။

တစ်ဖက်ကလမ်းခွဲစကားကိုစတင်ပြောဆိုလာသူက တိတ်ဆိတ်မြဲတိတ်ဆိတ်နေတုန်းမို့ အကြောင်းရင်းကိုမေးမြန်းထားသူမှာ အဖြေတစ်စုံတစ်ရာကိုစောင့်ဆိုင်းရင်း ကော်ဖီတွေပင်တစ်ဖြည်းဖြည်းအေးစက်လာပြီထင်ရသည်။

အချိန်အတန်ကြာစဉ်းစားပြီးမှ လမ်းခွဲစကားကိုစတင်ဆိုလာသူက အကြောင်းရင်းကိုဖွင့်ဟလာတယ်
"ငါ...ထပ်ပြီးမင်းရဲ့စမ်းသပ်ခံတစ်ခုအနေနဲ့ အနားမှာဆက်ရှိမနေနိုင်တော့ဘူး
မင်းက ငါ့ကိုချစ်လာမလား လို့မင်းစိတ်ကိုယ်မင်းစမ်းစစ်ပြီး တွဲကြည့်နေရင်းကနေ
ငါသိရှိလိုက်တဲ့ အမှန်တရားက မင်းငါ့ကို ဘယ်တော့မှချစ်လာနိုင်မှာမဟုတ်ဘူးဆိုတာပဲလေ"

"မဟုတ်သေးပါဘူး ဒါကို စိတ်တိုင်းကျတစ်ဖက်သတ်ဆုံးဖြတ်လို့ဘယ်ဖြစ်မလဲ"

"ကင်မ်ထယ်ရယ် ...
အချစ်ဆိုတာလုပ်ယူလို့မရဘူး

အခုကော ငါလမ်းခွဲစကားပြောတော့ မင်းဘယ်လိုခံစားရလဲ

ခံပြင်းမယ် စိတ်တိုမယ် ဘာလို့လဲစဉ်းစားမယ်
ဒီလောက်နဲ့ပဲမင်းပြီးသွားမှာမလား"

တစ်ဖက်လူဘက်က တစ်ဖက်သတ် ဆက်တိုက် ပြောဆိုလာတဲ့စကားလုံးတွေကို ထယ်ရယ် ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိပဲ စွံ့အသွားခဲ့တယ်။ အမှန်တရားတွေမို့။ကော်ဖီတွေအေးစက်သွားတောင် ဒီစားပွဲဝိုင်းလေးကနေမထနိုင်သေးပဲ တစ်ယောက်ထဲ တောင့်ခဲ ကျန်ရစ်နေခဲ့ရတဲ့အကြောင်းရင်းကတော့ ဒီအချိန်တွေအတွင်း ကိုယ့်စိတ်ကိုယ်ကော ကိုယ်လုပ်လိုက်မိတဲ့အရာတွေကိုကော နားမလည်နိုင်စွာနဲ့ ပြန်လည်သုံးသပ်နေမိတာမို့လေ။

Let's Not Fall in LoveWhere stories live. Discover now