~~~~~~



နံနက်ပိုင်းတွင် မင်္ဂလာ ဆွမ်းကျွေး ဧည့်ခံမှု ပြုပြီးပြီမို့ နေ့လည်ပိုင်းမှာတော့
နားရမည် ဆိုတာ အိပ်မက်တစ်ခုသာ။

အိပ်မက်ဖြစ်ရသည့် အကြောင်းအရင်းကတော့ pre wedding အတွက် ဘာပုံမှ မရိုက်ထားပဲ ။ ရန်ကုန်ရောက်မှသာ Weeding အမှတ်တရ ပုံရိုက်မည်ဆိုသော အစီအစဉ်ကို ကန့်ကွက်ကာ တာဝန် အပြည့် ယူချင်ပါသည် ဆိုသော စိုင်းဟန်လျှမ်းကြောင့်ပင် ဖြစ်၏။

နှစ်ဦးသား စိုင်းဟန်လျှမ်းကြောင့်ပင် ပုံရိုက်ရန်အတွက် လိုအပ်သည့် ဝတ်စုံ ၃စုံအား ထည့်ထားသော အိတ်ဖြင့် လမင်း အိမ်မှာ ဟန်လျှမ်းတို့ စုံတွဲ မလာမချင်း ထိုင်စောင့်နေရ၏။

ဝဏ္ဏ ကားဖြင့်သာ ပစ္စည်းပစ္စယာ တို့ ပြန်ယူကြပြီး ခြံရှေ့ကို ကားရပ်သည်သည်နှင့် ကားပေါ်ကပင် မဆင်းရသေး စိုင်းဟန်လျှမ်း
အသံက အိမ်ထဲအထိ ပြဲလန်နေအောင် ထိုးဝင်လာ၏။


" အိမ်ထဲက ဟိုလင်လင် နှစ်ယောက်!  အထုတ်ဆွဲပြီး ဆင်းလာတော့ နေအရမ်းပူရင် ပုံကောင်းမရပဲနေမယ် ! "


"ဟော်  အိုက်လျှမ်း အော်နေပြီ မောင်  လာလာ အထုတ်ယူခဲ့ "


သူငယ်ချင်းအသံကြားသည်နှင့် သုတ်သုတ်ပြာပြာ ထကာ အိမ်တံခါးသော့ခတ်ပြီး ကားပေါ် တက်လိုက်ကြ၏။

လမင်းတို့က တစ်စီးမို့ မောင်ဖွင့်ပေးသည့် ကားထဲ မဝင်ခင် တစ်ဖက်ကားပေါ်မှ အိုက်လျှမ်းကို လှမ်းကြည့်မိရာ
သကောင့်သားက ပဲပိနေတာများ နည်းနည်းနောနောပဲပိတာမျိုး မဟုတ်။ အမြဲတပ်နေကြ ပုလင်းဖင်ဝိုင်း ပါဝါမျက်မှန်ကြီးက ရှိမနေတော့ပဲ ထို မျက်မှန်အစား  photo grayအမျိုးအစား
တစ်လက်ကို တပ်ထားတာမို့ ကြည့်ကောင်းနေတာတော့အမှန်ပါ။
လည်ပင်းမှာလည်း Camera တစ်လုံးကို ဟန်ပါပါ ချိတ်ဆွဲထားသည်မို့ လမင်း နှာခေါင်းရှုံ့ကာ ကြည့်ရင်း ကားထဲ ဝင်ထိုင်လိုက်၏။

" ဘာတွေ ရှုံ့တွနေတာတုန်း မောင့် လမင်း "


" အိုက်လျှမ်းပေါ့  ဓာတ်ပုံလေး သွားရိုက်မှာကို တစ်ဖွဲ့လုံးမှာ သူပဲ
ပဲများလာလို့ "


ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now