~~~~~~

ရောက်စကတည်းက တစ်ဦးတည်း တိတ်ဆိတ်စွာ နေနေသော
လမင်းကြောင့် ခန့်စေ ‌ဆေးစပ်ခြင်း ပြီးသည်နှင့်  ပြောင်ခါ နေသော နေရာများအား ငူငိုင်ကာ ထပ်ခါတလဲလဲ တံမြက်စည်းလေးဖြင့် ခါနေသော လမင်း အနားသွားကာ
ရင်ခွင်ထဲ ထည့်ဖက်ထားရင်း ...


" ရောက်ကတည်းက အမေ့ကို မနှုတ်ဆက်ပဲ အမှိုက်ချည်း ဇွတ်လှဲနေတော့တာပဲ "


ခန့်စေ အပြောကြောင့် ငုံ့နေရာမှ အရည်လဲ့နေသော မျက်ဝန်းများဖြင့် မော့ကြည့်လာသည်မို့ မကြာခင် သူ့အသေးလေးက ငိုတော့မှာကို သိလိုက်ပြီ။


" ကဲ....မောင်နဲ့အတူတူ နှုတ်ဆက်မယ် "


"............................"



နှစ်ဦးသား နှုတ်ဆက်ပြီး စကားအနည်းငယ် ပြောပြန်တော့လည်း
အသေးလေးက တရှုံ့ရှုံ့နှင့် ငိုမဆုံး ဖြစ်နေတာမို့ အာရုံလွှဲစေရန်
အုတ်ဂူအား ‌ဆေးအရောင် ပြန်တင်ပေးခြင်းကိုသာ အနားမှာ အတူတူ လုပ်ကူမှု ပြုခိုင်းရ၏။

စိမ်းပြာရောင် နုနုလေးကို သုတ်ပေးခဲ့တာမို့ နဂိုနှင့် မတူ သစ်လွင်သွားသော ဂူအား အတူတူနှုတ်ဆက်ရင်း အိမ်ကိုသာ ပြန်လာခဲ့လိုက်ကြ၏။ ကြာကြာနေလို့မှ မဖြစ်ပဲ သူ့ အသေးလေးက
မျက်နှာညှိုးနေပြီမို့ ။

~~~~~~~~~~~~~~~~~

(၇.၁၁. ၂၀--) ဗုဒ္ဓဟူးနေ့ 

မောင်နဲ့ လမင်းမှာ တောင်းရမ်းသည့် နေ့ကတည်းက  ရှေ့နေ အား ပင့်ဖိတ်ကာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီးပြီမို့  ယနေ့မှာတော့ အများသူငှာ ရယ်လို့လည်း မဆိုသာသော အသိမိတ်ဆွေ၊ ရပ်ရွာလူကြီးတချို့ဖြင့်  အသိအမှတ်ပြုသည့်
မင်္ဂလာ ဆွမ်းကျွေး  ဧည့်ခံပွဲ အကျဉ်းချုန်းလေး ကျင်းပသည့် နေ့။

လမင်းက အရောင်ဆိုလျှင် အပြာနုနုလေးတွေကို ကြိုက်တက်သူမို့
မောင်ဟာ အရာရာ လမင်း စိတ်တိုင်းကျပင်  တိုက်ပုံမိုးပြာရောင် လွင်လွင်လေးနှင့် ပိုးပုဆိုး အပြာနုနုလေးကို  ဆင်တူသာ ဝတ်ဆင်၏။

နှစ်ဦးစလုံးက အပြာနုနုလေးတွေသာ ဝတ်ဆင်ထားတာမို့ အမြင်အေးစေတာတော့အမှန်ပင်။ အပြုံးတို့ဟာလည်း ကြည်လင်တောက်ပနေသည်မို့ မင်္ဂလာအဖြာဖြာ တိုးနေတာတော့ အမှန်ပင်ဖြစ်၏။


ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now