Density Of Love - 14

385 54 8
                                    

"ကင်မ်ထယ်ရယ်ရှီးးးး ကင်မ်ထယ်ရယ်က အိမ်ရှေ့စံရဲ့ကြင်ယာတော်ဆိုတာ ဟုတ်ပါသလား ..."

ထယ်ရယ် ဒီနေ့ မက်သရူးနဲ့အတူ အပြင်မုန့်ထွက်စားပြီး ကျောင်းချိန်ပြန်အဝင်မှာ တွေ့လိုက်ရတဲ့ သတင်းထောက်လူအုပ်ကြောင့် လန့်သွားရသည်။ တိုးကြိတ်ကာ မေးမြန်းနေတာက သူတို့လိုချင်တဲ့အဖြေရောက်အောင်ဆွဲယူမေးနေသလိုပင်။ ဒီလိုလူတွေဝိုင်းအုံခြင်းကို တစ်ခါမှမကြုံဖူးတဲ့ ထယ်ရယ်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိသလို မျက်နှာပျက်ကာငိုချင်လာရသည်။ပွဲတော်မတိုင်ခင် တရားဝင်အသိပေးမယ်ပြောပေမဲ့ ဒီလိုကြီးအသိပေးလိုက်တာလား....။

"ကင်မ်ထယ်ရယ်နဲ့အိမ်ရှေ့စံက လူကြီးတွေစီစဉ်တာလက်ခံတာဆို..."

"ကင်မ်ထယ်ရယ်က အိမ်ရှေ့စံနဲ့ အီချယ်အွန်းကြိုက်နေတာသိရဲ့သားနဲ့လက်ခံခဲ့တာလား ..."

"ကင်မ်ထယ်ရယ်နဲ့ အိမ်ရှေ့စံ ဆက်ဆံရေး အခြေအနေဘယ်လ်ုရှိလဲ ...."

"ကင်မ်ထယ်ရယ်ရှီးးးးး "

"ကင်မ်ထယ်ရယ်ရှီးးးးး "

ဆွဲရုန်းတွန်းရက်မှုတွေကြောင့် လူကောင်သေးသေးလေး ထယ်ရယ်နဲ့မက်သရူးမှာ လူကြားထဲညပ်ကာ သွားရန်တိုးကိုမပေါက်ပေ။ ထယ်ရယ်မျက်နှာကထိတ်လန့်ကာ ဇီးရွက်လောက်သာကျန်တာမို့ မက်သရူး ကိုကို့ကို ဆူညံနေတဲ့ကြားက ဖုန်းဆက်ခေါ်ရသည်။ကိုကိုရောက်မလာခင်အထိ သူကပဲ ထယ်ရယ်ကို ကာပေးရင်း ထွက်နိုင်သလောက်ထွက်ရသည်။ ခနနေတော့ ကိုကိုနဲ့အတူ ကိုကိုခေါ်လာသည့် ခပ်ထွားထွားလူအချို့ကြောင့် မက်သရူးတို့လူအုပ်ကြားက လွတ်လာရသည်။ ကျောင်းဝင်းထဲပြန်ဝင်ဖို့လည်းအဆင်မပြေတာမို့ မက်သရူးတိုက်ခန်းဆီသာခေါ်လာခဲ့သည်။ အဆင်မြင့်အိမ်ရာတွေမလို့ လူအဝင်အထွက်သိပ်မရှိသည့်နေရာဆိုတော့ ထယ်ရယ်အသက်ရှူချောင်အောင်လို့ပင်။

မက်သရူးကအလန့်ပြေအောင် ရေတိုက်ပေမဲ့ ထယ်ရယ်မှာ အခုထိမသောက်နိုင်သေးပဲ ဖန်ခွက်ကိုကိုင်ထားကာ ၊ တစ်ကိုယ်လုံးအေးစက်နေတုန်း။

"ဟျောင်း ရစ်ခီ့ကိုခေါ်ထားတယ် ခနနေ ရောက်လိမ့်မယ်နော် ထယ်ရယ် ..."

Density Of LoveWhere stories live. Discover now