Density Of Love - 3

393 55 9
                                    

        တော်ဝင်မိသားစု ညစာစားပွဲက လူအများကြီးနဲ့မဟုတ်ဘဲ ဘွားတော်မိဖုရားကြီးရယ် ၊ ဘုရင်နဲ့မိဖုရားရယ်၊ မင်းသမီးရယ် နဲ့သူတို့နှစ်ယောက်ပဲရှိသည်။ စားပွဲရှည်တစ်ခုနဲ့ အပြည့်တည်ခင်းထားသည့် စားဖွယ်တို့က နဂိုကတည်းကဗိုက်ဆာနေတဲ့ ထယ်ရယ့် ဗိုက်ကို ပိုမိုဆာလောင်စေသည်။  ရင်ထိုးတွေငြိနေလို့ ဖြုတ်နေရတာနဲ့ သူတို့နှစ်ယောက်ပဲ နောက်ကျကျန်နေသည်မို့ ထယ်ရယ် ရယ်ပြလိုက်ရင်း ထိုင်ခုံမှာ အရင်ဝင်ထိုင်လိုက်သည်။ သို့သော် သူ့ဘေးက အိမ်ရှေ့စံကတော့ ဘွားတော်နဲ့ဘုရင်ကြီးကို အရင်ဂါရဝပြုနေသည်မို့ ထယ်ရယ်မှာ ထိုင်ရာကပြန်ထလိုက်ရင်း ထိုအိမ်ရှေ့စံဘေး မသိမသာလေးသွားရပ်ကာ လိုက်ဂါရဝပြုရသည်။ ပြီးမှ သက်ဆိုင်ရာထိုင်ခုံမှာ ပြန်ထိုင်သည်။ ဘွားတော်နဲ့ဘုရင်ကြီးကတော့ ထယ်ရယ့်ပုံစံကြည့်ပြီး ပြုံးစိစိဖြစ်သွားတာမို့ ထယ်ရယ့်မှာမျက်နှာပူရပြန်သည်။သူမှမသိတာကိုးးး။ ထို့ကြောင့် ရစ်ခီရှန်အား အပြစ်ပြောရန် အနားနား ကိုယ်ကို အသာကပ်လိုက်ပြီး .....

      "ဂါရဝပြုရမယ်ဆိုတာ နည်းနည်းပါးပါးပြောထားလေ .... "

      "ငါပြော မလို့ကို ရှေ့ကနေ ရင်ကော့ထွက်သွားပြီး ဝင်ထိုင်တာဘယ်သူလဲ"

ပါးစပ်လှုပ်ရုံမျှပြန်ပြောလာတဲ့ အိမ်ရှေ့စံကို ထယ်ရယ် မကြည်သလိုတစ်ချက်ကြည့်လိုက်ပြီးမှ လူကြီးတွေရှေ့ကိုတော့ သူရယ်ပြလိုက်သည်။

      " အရင်ကအချိန်အတိအကျရောက်တဲ့သူက အခုကျ အချိန်ကိုလေးစားမှုမရှိ လိုက်တာကွယ် ... သာမာန်ပြည်သူတစ်ယာက်နဲ့ လက်ထပ်ထားပြီး အိမ်ရှေ့စံပါ အကျင့်ပျက်လာတော့မယ်ထင်တယ် ဒီပုံစံအတိုင်းဆို...... "

    "မိဖုရား!!  "

တိတ်ဆိတ်နေတဲ့ ညစာစားပွဲ က မိဖုရားဆီကထွက်လာတဲ့ စကားကြောင့် ဘုရင်ကြီးဆီက ဟန့်တားသလိုအသံခပ်မာမာထွက်လာသလို ထယ်ရယ်လည်း စားနေရာကနေကြောင်တောင်တောင်လေးကြည့်မိသည်။ သူ့ကိုပြောလိုက်တာလား?  ....ရစ်ခီက မိဖုရားစကားကြောင့် နှုတ်ခမ်းတစ်ချက်တွန့်လိုက်ရင်း ....

      "မိဖုရားက စိတ်ပူပေးတာကျေးဇူးတင်ရမှာပဲ .... ဒါပေမဲ့ ကျွန်တော်က အချိန်ကအစ ဘယ်လိုတိကျသေချာတယ်ဆိုတာ အမြဲစောင့်ကြည့်လာတဲ့ မိဖုရားအသိပဲမလား ..နောက်ပြီး...ကြင်ယာတော်ကို အညတရပြည်သူလို့ပြောမယ်ဆိုရင် ...ကျွန်တော်က ခမည်းတော်ထီးနန်းကိုဆက်ခံရမဲ့ ဘုရင်တစ်ယောက်အနေနဲ့ ပြည်သူတစ်ယောက်အကြောင်း အနီးကပ်ကောင်းကောင်းသိအောင် လုပ်နေတယ်လို့ပြောရမှာပါပဲ.... သြော ဒီနေ့ကတော့ လက်ထပ်ပြီးစ ကြင်စဦးနေ့လေးဆိုတော့အလုပ်များတာမလို့ နောက်ကျသွားတာပါ သဘောထားကြီးတဲ့ မိဖုရားကပဲ ခွင့်လွှတ်တော်မူပေးပါအုံး..... "

Density Of LoveWhere stories live. Discover now