Density Of Love - 9

356 52 8
                                    

         နေ့ရက်အချို့ကိုကျော်လွန်ပြီးတဲ့အခါ သူတို့နှစ်ဦးကြားက သံယောဇဉ်တွေရဲ့ထုထည်ဟာ ဘယ်လောက်များ ဖြစ်တည်နေလိမ့်မလဲ?

   ထယ်ရယ် ကျောင်းကအိမ်စာအချို့ကို လက်စသတ်ပြီးနောက် ညောင်းလာတဲ့လက်ဆစ်တို့ကိုချိုးလိုက်ကာ အကြောဆန့်လိုက်သည်။ အချိန်ကြည့်တော့ ည၁၂နာရီထိုးတော့မည်။ အိပ်မလို့ပြင်ပြီးခါမှ အိမ်ရှေ့စံကို ပြောစရာရှိတာ စဉ်းစားမိ၍ အဆောင်တော်ဘက် ထွက်လာခဲ့သည်။ အိပ်ပြီလားတောင်မသိ။ အိပ်တော့လည်းပြန်လာရုံပေါ့တွေးကာ အထဲဝင်သွားတော့ အိမ်ရှေ့စံလည်းမရှိ။ သက်တော်စောင့်မင်လည်းမရှိ။ ဘယ်သွားပါလိမ့်?ဒီနေ့တစ်နေ့လုံးလည်း ထယ်ရယ်ကကျောင်းသွားနဲ့ ကျောင်းကပြန်လာသည်အထိ အိမ်ရှေ့စံကိုအရိပ်အယောင်ကိုမတွေ့ရတာဖြစ်သည်။ ဥယျာဉ်မှာရှိနိုင်တာကိုတွေးမိတော့ ထယ်ရယ့်ခြေလှမ်းတို့အား ဥယျာဉ်ဘက်သို့လှည့်လိုက်သည်။

        "သက်တောင်စောင့်မင်  .... အိမ်ရှေ့စံ အထဲရှိလားဟင် "

         "ရှိပါတယ် ကြင်ယာတော်လေး .... "

         "အဲဒါဆို  ထယ်ရယ်ဝင်သွားမယ်နော် ... ဒါနဲ့  ဒီနေ့ သက်တော်စောင့်မင် အထဲကို ဘာလို့လိုက်မဝင်တာလဲဟင် "

အရင်နေ့တွေကဆို ဥယျာဉ်ထဲမလှမ်းမကမ်းမှာ စောင့်နေတတ်ပေမဲ့ ဒီနေ့တော့ ဥယျာဉ်အပြင်ဘက်မှာမလို့ ထယ်ရယ် သက်တော်စောင့်မင်ကိုမေးမိသည်။

     "ဒီနေ့  အိမ်ရှေ့စံကတစ်ယောက်တည်းနေချင်တယ်ဆိုလို့ပါ ..."

     "ဟင်  ဘာလို့ .... "

      "ဟို  တကယ်တော့ ဒီနေ့က  အိမ်ရှေ့စံရဲ့မယ်တော် ဆုံးတာနှစ်ပတ်လည်နေ့ပါ ... မယ်တော့်အုတ်ဂူကိုသွားကန်တော့နေတာမို့ ဒီနေ့ တစ်နေ့လုံး  အိမ်ရှေ့စံနန်းတော်မှာမရှိတာပါ ...အခုလည်း တစ်ယောက်တည်းနေချင်တယ် ဝင်မလာနဲ့ပြောခဲ့တာမလို့ပါ ... ဒါပေမဲ့ ကြင်ယာတော်လေးကတော့ အိမ်ရှေ့စံအနား ရှိနေပေးလိုက်ပါ ..."

      ထယ်ရယ် ဥယျာဉ်ထဲလျှောက်လာရင်း သက်တော်စောင့်မင်ပြောတာကို ပြန်တွေးမိတဲ့အခါ သက်ပြင်းဖွဖွချမိသည်။ ထယ်ရယ်ကအဲဒါကိုမသိရအောင်တောင် ဘာတွေအလုပ်ရှုပ်နေမိပါလိမ့်။ သူကရောဘာလို့ထယ်ရယ့်ကိုမပြောရတာလဲ အခုထိကို ထယ်ရယ်က သူ့အတွက်သူစိမ်းဖြစ်နေတုန်းပဲလား။ အာ လျှောက်တွေးနေမိပြန်ပြီ ... ဟိုကဖြင့်ဝမ်းနည်းနေတဲ့လူကို ....။ထယ်ရယ် ခေါင်းခါကာ အတွေးတို့ကို မောင်းထုတ်လိုက်ရင်း ရေကန်ဘေးရပ်နေတဲ့အိမ်ရှေ့စံကို ပျော်သွားစေရန် ခြောက်လှန့်ကာ စဖို့တွေးလိုက်မိသည်။

Density Of LoveWhere stories live. Discover now