Density Of Love - 4

358 49 8
                                    

            "ကြင်ယာတော်လေး  ထပါမယ် "

            "........... "

           "ကြင်ယာတော်လေး  ထပါမယ်"

           "အိုမားးးး ငါးမိနစ် ....."

ဘေးနားက လာနှိုးနေတာကြားပေမဲ့ ထယ်ရယ်လက်ငါးချောင်းထောင်ပြကာ ဟိုဘက်လှည့် ပြန်အိပ်လိုက်သည်။ အထိန်းတော်ဂိုတစ်ယောက်သက်ပြင်းချလိုက်ရင်း ပစ္စည်းတစ်ခုယူခိုင်းလိုက်သည်။

        "ဒေါင်!  ဒေါင်!  ဒေါင်!  ဒေါင်!  ဒေါင်! "

        "အိုမား!!!  "

ထယ်ရယ် နား နားကပ်ကာ ဆူညံနေတာတွေကြောင့် အိပ်မရတော့ဘဲ ထထိုင်လိုက်ရသည်။ ထိုအခါမှ စတီးအိုးတစ်ခုနဲ့ သံချောင်းတစ်ခု ကိုင်ကာထားတဲ့ တစ်ခါမှမမြင်ဖူးတဲ့ အန်တီကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

      "ဘယ်  သူ ? "

      "ဒီနေ့ကစပြီး ကြင်ယာတော် သင်ကြားရမဲ့ တော်ဝင်စည်းမျဉ်းတွေကိုသင်ကြားပေးပြီး ကြင်ယာတော့်ကို ထိန်းကျောင်းပေးရမယ့် အထိန်းတော် ဂိုပါ ..... "

      "အာ  .... အာညော်ရာဆယ်ယို ...အထိန်းတော်ဂင်.... အဲဒါမိတ်ဆက်ဖို့ပဲမလားဟင်  ..ထယ်ရယ်.. ပြန်အိပ်လိုက်အုံးမယ်နော် .... "

ထယ်ရယ် စောင်ကိုပြန်ဆွဲယူကာ အိပ်ဖို့ပြင်လိုက်သည်။

      "ပြန်အိပ်လို့မရပါဘူး ကြင်ယာတော်လေး ...ပြီးတော့ ကျွန်တော်မျိုးနာမည် ဂိုပါ.. ဂို  .... ဂင်မဟုတ်ပါဘူး .....ပြီးတော့ ဒီနေ့ကစပြီး ကြင်ယာတော်ရဲ့ မနက် ထရမဲ့အချိန်က မနက်၅နာရီပါ "

    "ဗျ  ဗျ  ဗျာ!!!!  "

ထယ်ရယ်နားကြားမှားသလားလို့ ပြန်ထထိုင်ရင်း တကယ်လားဆိုသည့်အကြည့်နဲ့ ကြည့်လိုက်တော့ အထိန်းတော်ဂိုက ခေါင်းညိမ့်ပြသည်။

      "ကြင်ယာတော် သင်ယူရမဲ့ တော်ဝင်စည်းကမ်းထဲက တစ်ခုပါ ...မနက် ၅နာရီ ထပြီး  အိမ်ရှေ့စံနဲ့ အတူ  morning activities တစ်ချို့လိုက်လုပ်ပေးရပါမယ် ..... ပြီးရင် ....+@¤>¤¥&<<>& ..........ပြီးရင်- ..."

      "ခေါ ခလူး !....ခေါ!  "

      "ကြင်ယာတော်! ... ကြင်ယာတော်လေး!   "

Density Of LoveМесто, где живут истории. Откройте их для себя