Density Of Love - 13

362 59 5
                                    

            "အိမ်ရှေ့စံ! ..... မိန်းကလေး ချယ်အွန်းက တွေ့ခွင့်တောင်းနေပါတယ် .... "

  ရှေ့က အထိန်းတော်ဂိုအသံကြောင့် ရစ်ခီနိုးလာရသည်။  ညက ဘဲပေါက်ကိုချော့ရင်း ဘဲပေါက်အခန်းထဲမှာပဲ အိပ်ပျော်သွားမိတာပဲ။  ဘေးကိုကြည့်မိတော့ သူ့လက်မောင်းကိုခေါင်းအုံးကာ အခုထိနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်းဖြစ်သည့် ဘဲပေါက်။ ခေါင်းအောက်က လက်ကို မနိုးသွားရအောင် အသာထုတ်လိုက်ရင်း စောင်ကို ရင်ဘက်အထိဆွဲခြုံပေးလိုက်သည်။ အဲဒါတောင် နိုးမသွားပဲ အီး  အဲ လုပ်ကာ ပြန်အိပ်သွားသည့်သူကြောင့် ရစ်ခီတစ်ချက်ရယ်လိုက်မိသည်။ အအိပ်လည်းပုတ်တာပဲ ....။ ရစ်ခီ အခန်းအပြင်ထွက်လာရင်း ....

          "အထိန်းတော်ဂို  .... ကြင်ယာတော့်ကိုမနှိုးနဲ့နော် .. အိပ်ပါစေ....သူ့ဟာသူနိုးလာရင်သာ ကျွန်တော့်ကိုလာပြောပေး ...."

     "ဟို မနက်ခင်း ဂါရဝပြုဖို့က....မနေ့ကလည်း မပြုရ .."

       "ကျွန်တော်ပြောလိုက်မယ် ......ဪ  ချယ်အွန်းကို  မနက်စာစားဖို့ခေါ်ပေးပါအုံး ...."

      "ဟုတ်ကဲ့ပါ အိမ်ရှေ့စံ ..... "

အထိန်းတော်ဂို ထွက်သွားခါမှ ရစ်ခီလည်း ကိုယ့်အခန်းကိုပြန်ကာ ရေမိုးချိုး အဝတ်အစားလဲပြီးနောက် မနက်စာစားဖို့ ထွက်လာခဲ့လိုက်သည်။ မနက်ခင်း ထမင်းစားဝိုင်း၌ ဘွားတော်နဲ့ ခမည်းတော်တို့ကို ဂါရဝပြုပြီးနောက် ရစ်ခီ ဝင်ထိုင်လိုက်သည်။ ဘေးမှာ ချယ်အွန်းနဲ့ မိဖုရားရယ်၊ မင်းသမီးရယ်ပါအတူရှိနေသည်။ လူစုံနေကြတာပဲ ...။

         "ကြင်ယာတော်က မနိုးပြန်ဘူးလား  ... အဲဒါတွေပဲ  အကျင့်တွေပျက်တယ်ဆိုတာ မနက်တိုင်းဂါရဝပြုဖို့တောင်- "

       "ကြင်ယာတော်က နေမကောင်းလို့ ဆေးပါချိတ်ထားရတာမလို့ အိပ်ရေးဝအောင်ကျွန်တော်တမင်မနှိုးခဲ့တာပါ ......"

ကြင်ယာတော်ပါမလာတာနဲ့ ထင်တဲ့အတိုင်း တန်းအပြစ်ပြောလာတဲ့မိဖုရားကြောင့် ရစ်ခီ  မိဖုရားစကားကိုဖြတ်ကာပြောလိုက်သည်။ နမို့ဆိုကြင်ယာတော်ရဲ့အပြစ်တွေပြောနေတော့မှာလေ။  ခမည်းတော်ကတော့ခေါင်းငြိမ့်ပြရင်း သူ့ဘာသာသူ သတင်းစာဖတ်လို့နေသည်။ ဘွားတော်ကတော့ ....

Density Of LoveWhere stories live. Discover now