ပြည့်စုံမင်း ဖြစ်ပေမယ့်၊ ဗညားထွဋ်ခေါင်ရဲ့ သူငယ်ချင်း ပြည့်စုံမင်း ဟုတ်မနေခဲ့ပါ။ Car Showroom တွေ၊ ဖုန်းဆိုင်တွေ၊ ဟိုတယ်လုပ်ငန်းတွေကို ဦးဆောင်နေသော ပြည့်စုံမင်း မဟုတ်။ ဆော်တွေကို Silent ပေါင်းများစွာ ထားတွဲ နေသော ပြည့်စုံမင်း မဟုတ်ခဲ့။ 

ဗညားထွဋ်ခေါင် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်လိုက်၏။ ထိုအရာသည် လက်ခံနိုင်ရန် ခက်ခဲသောအရာ ဖြစ်ပေမယ့်လည်း ....။

.............

အိမ်လည်း မပြန်ချင်သေးတာကြောင့် ၀ပ်ရှော့နားက လ္ဘက်ရည်ဆိုင်ထဲ ၀င်ထိုင်နေရင်း ဇာနည် အလုပ်ဆင်းတာကို စောင့်နေလိုက်သည်။ လေးနာရီထိုးခါနီးလောက်မှာ ဇာနည် ရောက်လာ၏။

"အစောကြီး ပြန်မလို့လား"

"မဟုတ်ဘူး၊ ဆရာက ကိုခန့်ကို ခေါ်ခိုင်းလိုက်လို့"

"ငါ ဒီမှာရှိတာ မင်းပြောလိုက်တာလား"

"ဟုတ်တယ်၊ ကိုခန့်နဲ့ဖြစ်တဲ့ ပြဿနာမှ မဟုတ်တာဗျာ၊ ဆရာနဲ့ စကားပြောကြည့်လိုက်ပါဦး"

"ငါ သိပါတယ်၊ ဆရာ့ကို အားနာလို့ပါ"

တကယ်လည်း ကိုမင်းသူကို မျက်နှာပူမိသည်။ ဗညားထွဋ်ခေါင် ဒီလို ပြုမူသွားတာက သူ့မှာပဲ အဓိက တာ၀န်ရှိနေတာ မဟုတ်လား။

"အမှန်တိုင်း ပြောရရင်တော့ ကိုဗညားက နဲနဲလွန်တယ်"

ဇာနည်က ဗညားထွဋ်ခေါင်အား အပြစ်တင်ချင်ပေမယ့် ပိုင်ခန့်ကို မကြိုက်မှာစိုး၍ ထင်သည်။ စကားကို ထိန်းပြော၏။

"သူလွန်တာ ငါသိပါတယ်"

အခုကီစ္စမှာ ဗညားထွဋ်ခေါင်လွန်တယ်ဆိုတာ အသိသာကြီးပေမယ့်၊ ဇာနည်နဲ့ ကျန်တဲ့အလုပ်သမားတွေကပါ ဗညားထွဋ်ခေါင်အပေါ် အပြစ်မြင်လာမှာကိုတော့ လက်မခံချင်သလို ခံစားရသည်။ ဗညားထွဋ်ခေါင်အား သူ့ကိုယ်သူ မှားတယ်ဆိုတာ လက်ခံစေချင်ပေမယ့် တခြားသူတွေကပါ ဝိုင်းပြီး အပြစ်ပြောတာမျိုးကို မဖြစ်စေချင်ပါ။

"သူ ဘယ်ကလဲဆိုတာ လိုက်မစုံစမ်းတော့ဘူးလား၊ မဟုတ်ရင် ကိုခန့် တာ၀န်ကြီးတာပေါ့"

Magic Hides My ManWhere stories live. Discover now