''အဟွန်း! ဟာသပဲ ''

''ကဲပါ ပျိုရေ။မောင်စိုင်းတခေတ်စီမနေချင် ဦးစီလာခဲ့နော်။ဦးက ပျိုကိုဆိုအမြဲ welcome နော် ဟင်းဟင်း။''

''အို....Noပါနော်။ပျိုကတော့ ကိုမှကိုပဲ အဟင်း!''

''ဦးမင်းခေါင် ။အချိန်လည်းလင့်နေပြီဆိုတော့ ကျုပ်ကိုပြန်ခွင့်ပြုပါဦး''

''ဟော....ပြန်တော့မလို့လားမောင်စိုင်းတခေတ်ရယ်။နေပါဦးကွ စောပါသေးတယ် ''

''စိတ်ရှုပ်လို့ ပြန်တာ။ နောက်မှဆုံတာပေါ့ ''

ပြောပြီး ဝိုင်ခွက်ကိုစားပွဲပေါ်ပြန်ချလို့ အင်္ကျီကိုတစ်ချက်သပ်ပြီးအပြင်ကို ထွက်လာလိုက်တယ်။နောက်မှာတော့ ထိပ်ထားပျိုကလိုက်ပါလာသည်။ ကားနားရောက်သည်ထိ နောက်ကပါလာတော့စိုက်းက နောက်လှည့်ကာမျက်မှာကျုံ့၍ကြည့်၏။

''ဘယ်လိုက်လာတာလဲ ထိပ်ထားပျို....!''

''ကိုနဲ့ ပြန်မလို့လေ။ပျို့မှာကားမပါလာဘူး''

''အလာတုန်းက ဘာနဲ့လာလဲ!''

''ဒယ်ဒီလိုက်ပို့တာလေ''

''အပြန်လည်း မင်းဒယ်ဒီပဲလာကြိုခိုင်းလိုက်''

''ဒယ်ဒီက ဒီချိန်အိပ်လောက်ပြီကို။ ကိုကလည်း လမ်းကြုံလေးလိုက်ပို့ရတာတောင် အရမ်းတွန့်တိုတာပဲ''

''ကျစ်! ပက်ချွဲနှက်ချွဲတွေလာမလုပ်စမ်းနဲ့။စိတ်ရှုပ်တယ်...!''

''အဟင်း! ဟုတ်ပါပြီ ။ဒါဆိုလည်း လမ်းကြုံလိုက်ခဲ့လို့ရမလား ကိုစိုင်းတခေတ်မှိုင်းရှင့်''

''ကောင်းပြီ.....ဒါနောက်ဆုံးပဲ ''

ထို့နောက် ကားနဲ့ထိပ်ထားပျိုအိမ်ရှေ့ထိ လိုက်ပို့ပြီးမှာ စိုင်းအိမ်ပြန်လာရသည်။ စိတ်ရှုပ်စရာ ရေမွှေးနံ့တွေကြောင့် ရေဝင်ချိုးပစ်ရပြန်တယ်။စိတ်ကထိုမှသာ ပြန်လန်းလာတော့၏။အိပ်ယာထက် လှဲချလိုက်ပြီး အပေါ်ကိုငေးငိုင်ကြည့်နေမိပေမဲ့အတွေးထဲ ဖြတ်ကတည်းဝင်လာသော မြူဒေါင်းငယ်။ အကြည်လဲ့နေတဲ့မျက်ဝန်းတွေ။တင်းတင်းကိုက်ထားတဲ့နှုတ်ခမ်းပါးတွေ။ပြိုကျနေတဲ့မျက်ရည်စက်တွေနဲ့တောင် မြူဒေါင်းငယ်ကပြေပြစ်စွာလှပလျက်ပေ။ သူခုဟိုနေ့ကအဖြစ်အပျက်ကို ပြန်လို့တွေးတော့မိပါ၏။သူ့လုပ်ရပ်တွေက တကယ်ဆိုနည်းနည်းတော့များသွားချေသည်။ ဒေါသစိတ်ကိုလွယ်လွယ်နဲ့ထိန်းမရတတ်တဲ့သူ့အကျင့်က တကယ်စိတ်ရှုပ်စရာပင်။ လူတွေအများကြီးရှေ့ပြောဆိုပစ်ခဲ့မိတော့ ထိုကလေးကိုအရှက်ရသွားစေတယ်ထင်၏။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now