နိုရာက မြူဒေါင်းလက်ကိုဆွဲလို့ သူတို့ရဲ့ အလုပ်ရှင်သူဌေးလူချောကြီးစီပြေးတော့သည်။ဒီနေ့တော့ စိတ်ညစ်စရာတွေ ခဏဖယ်ရအောင်ပါ မြူဒေါင်းငယ်။

. . . . . .

ညပိုင်းတွင်.....

ဒေါက်ဖိနပ်သံ တခွပ်ခွပ်နဲ့ ပေါင်တံရှည်သွယ်သွယ်တွေပေါ်သည်ထိခွဲကြောင်းနဲ့ စကပ်ရှည်နဲ့သူမ။နီတာရယ်နှုတ်ခမ်းထူထူနဲ့ ပါးလွှာသည့်မိတ်ကပ်အရှိန်အဝါနဲ့သူမဟာ လူငန်းရှင်အတော်အများကြားရေပန်းစားလှသည့် ထိပ်ထားပျိုပင်။ လှလည်းလှသလို အဆိပ်လည်းပြင်းသည်တဲ့။သို့သော် နောက်ကွယ်ကနူးညံ့တဲ့စိတ်ထားလှလှလေးကိုတော့ မည်သူမှမမြင်နိုင်ကြ။ လျှောက်လှမ်းလာသည့်ဦးတည်ရာက ဝိုင်ခွက်ကိုမာန်ပါပါကိုင်ရင်း လုပ်ငန်းရှင်တချို့နှင့် ပြောဆိုနေသည့် စိုင်းတခေတ်မှိုင်းထံသို့။

''ကို.....''

''အင်း....''

''မတွေ့တာကြာလို့ ဒို့ကိုလွမ်းနေသေးလားဟင်''

မူယာပိုကာ ခပ်ချွဲချွဲဆိုတော့ဘေးကလူကြီးများကပင် တဏှာစိတ်ဖြင့်သဘောကျကုန်သည်။သို့သော် စိုင်းကတော့တည်တင်းနေတုန်းဖြစ်၏။

''ကိုယ့်မှာ မင်းတစ်ယောက်ပဲရှိတာမဟုတ်ဘူး ပျို။ကိုယ့်ဘေးမှာ မင်းလိုမျိုးတွေအများကြီး တစ်ယောက်မရှိနောက်တစ်ယောက်နဲ့ပျော်နေရုံဘဲ''

''ကိုကလည်း နည်းနည်းတော့ အားနာပါးနာသတိရဦးမှပေါ့လို့''

''စိတ်ရှုပ်စရာတွေ ကိုယ်မလုပ်ဘူး''

''အဟင်း....မောင်စိုင်းတခေတ်ကလဲကွာ မိန်းကလေးကိုအဲ့လိုမပြောပါနဲ့ ဝမ်းနည်းသွားပါအုံးမယ်''

ဘေးကဗိုက်ပူပူနဲ့လူက ခပ်ကျယ်ကျယ်ရီပြီးဝင်ပြောသည်။ ပျိုကိုလည်း သရေတမြာမြာနဲ့စူးစိုက်ကြည့်နေ၏။

''ဟုတ်ပါ့ ဦးတို့ကမှအလိုက်သိသေးတယ်။ကိုက နည်းနည်းလေးမှကိုယ်ချင်းမစာဘူးနော် သူများကို''

''အဲ့ဆိုလည်း သူတို့စီသွားကပ်လေပျို ။ကိုယ့်ကို အချိန်လာမဖြုန်းစမ်းနဲ့!''

''ဒို့က ကို့လိုလူချောလူခန့်ကိုပြစ်ပြီး သူများတွေစီသွားစရာလားလို့။ဘာလဲ သဝန်တိုလို့လား ကိုက။''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now